ကျွန်မတို့ အားလုံး ကွန်ပျူတာကို နေ့ စဉ်လူမှု ဘ၀တွေမှာ ဆက်စပ် သုံးစွဲနေကြသူများပီပီ တိုးတက်နေကြတဲ့ နည်းပညာတွေကို လက်လှမ်းပြီးကောင်းနိုးရာရာ software
လေးများဖြင့် မိမိကွန်ပျူတာကို အလှဆင်တတ်ကြပါတယ် ။
အခုလည်း အဲ့ထဲကမှ ...တကယ့်ကို အသုံးဝင်ပြီး မော်နီတာရဲ့  Screen ကို
ဘယ်အချိန်ကြည့်ကြည့် စိတ်ကျေနပ်မှု အပြည့်ရနေမဲ့ Software ကောင်းကောင်းလေး
တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ( Software ကောင်းကောင်းလေးများ သုံးရပြီ
ဆိုရင် အရင်ဆုံး ဒီ MMITD က သူငယ်ချင်းတွေကိုပဲ ပြေးပြေးမြင်နေလို့ ....း)
ကဲ .. intro တွေလည်း များနေပြီ ။ ဘာ Software လဲ ဆိုတော့ ခေါင်းစဉ်လေးမှာ
ပေးထားတဲ့ အတိုင်း Desktop Background ကြီးကို တစ်ခုထည်း ထားတာ
ရိုးအီနေပြီ ။ ပြီးတော့တစ်ပုံတည်းပဲ ထားလို့ ရတယ် ။ မကြိုက်ရင်လည်း
ပြန်ပြန် ပြောင်းရသေးတယ် ။ အဲ့ဒုက္ခက ကင်းဝေအောင် ဆောင်ရွက်ပေးမဲ့ Software
ကတော့ John's Background Switcher
ပါတဲ့ရှင်
John's Background Switcher ဟာ ကျွန်မတို့ သတ်မှတ်ခိုင်းစေထားတဲ့ အချိန်ကာလ တစ်ခုအလိုက် ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ မြင်တွေ့ခံစားနေရတဲ့ Desktop background ကို တိကျသပ်ရပ်စွာ ပြောင်းလဲ ပေးနေမယ့် software
တစ်ခုပဲ ဖြစ်ပါတယ် .. ဒီ software မှာ ကျွန်မတို့ အားလုံး
ထိတ်လန့်ကြတဲ့virus, spyware,trogans .. အစရှိတဲ့ ကွန်ပြူတာကို ဖျက်ဆီး
ဒုက္ခပေးနိုင်သောဖိုင်များ ကင်းစင်တဲ့ အပြင် ပိုက်ဆံနဲ့ ပေးဝယ်စရာ မလိုပဲ
ထုတ်လုပ်သူ ကိုယ်တိုင်က ရက်ရောစွာ free အသုံး ပြုခွင့်ပေးထားတဲ့ software
တစ်ခု မို့လို့ ကွန်ပျူတာ အားလုံး အတွက် ယုံကြည်စိတ်ချစွာ
အသုံးပြုနိုင်ပါတယ် ..
John's Background Switcher ကို အသုံးပြု ခြင်း အားဖြင့် ကျွန်မတို့  အောက်ဖော်ပြပါ စွမ်းဆောင်ရည်များ ကို ကျေနပ်စွာ သင် ခံစား ရရှိမှာ
ဖြစ်ပါတယ် ..း)
Desktop Background ကို Timer ပေးပြီး ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ပြောင်းကြရအောင်
11:04 PM |
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment