ဒီနည်းကို မုန်ညှင်းဖြူ ၂ထုပ် ကင်ချီလုပ် လို့ နာမည်ပေးထားပါတယ်
လိုတဲ့ ပစ္စည်းတွေက …
(၁) မုန်ညှင်းဖြူ ခပ်ကြီးကြီး ၂ ထုပ်
(၂) ကြက်သွန်မိတ် ၁၀ ပင်
(၃) ဆား ၁၀၀ ဂရမ် ( ၆ ကျပ်သားခန့် ) { အိုင်အိုဒင်းဆား မသုံးပါ }
(၄) ငြုပ်မှုန့် ၄ ဇွန်း
(၅) ကြက်သွန်ဖြူ ၃ ဥ
(၇) ငံပြာရည် ၁ ဇွန်း
(၈) ဂျင်း ၁ တက်
(၉) ကြက်သွန်နီ ၁ လုံး တို့ဖြစ်ပါတယ်မုန်ညှင်ဖြူများကို ရေစင်အောင်ဆေးပါ ရေတွေကိုခါထုတ်ပြီး အရှည်လိုက် ၄ စိပ်စီ ဖြစ်အောင် စိတ်ပါ ၊ ရိုးတံအမာကို လှီးထုတ်ပါ ၊ ၂ လက်မစီလောက် ခြား ..ခြား ပြီး
ကန့်လန့်လှီးဖြတ်ပါ ၊ လေလုံပြီး သန့်တဲ့ ပလပ်စတစ်အိတ် တစ်လုံးထဲကို
မုန်ညှင်းရွက် တစ်ရစ် ဆားတစ်ရစ်စီ ထည့်ပါ ၊ မုန်ညှင်းရွက်များ
အတွင်းဆားဝင်အောင် မွှေလိုက် ဆုပ်ညှစ်လိုက် ဖိသိပ်လိုက် လုပ်ပါ ၊
ဆားရေးများလက်ကို စိုရွဲလာသည်အထိ လုပ်ပေးပါ ၊ ပြီးရင် အိတ်ကို လေလုံအောင်
ပိတ်ပြီး ၃ နာရီကြာ ထားလိုက်ပါ ၊ ဖွင့်စစ်ပြီး မွှေပေးပါ အိတ်ကို
ပြန်ပိတ်ပါ နောက်ထပ် ၃နာရီ ထပ်ထားပါ ၊ ပေါင်း ၆ နာရီ ထားရပါမယ် ။
အချိန်စေ့ရင် မုန်ညှင်းရွက်တွေကို အိတ်ထဲကထုတ်ပါ ၊ ဆားရေတွေကို ဆက်မသုံးတော့ပါ ၊ ဆားရေတွေ သိပ်ပြီးစိုရွဲနေရင် ညှစ်ထုတ်ပြစ်ပါ ၊ အဖုံး ဖုံးလို့ရတဲ့
ပလပ်စတစ်ဗူးတစ်ခုထဲကို ပြောင်းထည့်ပါ ၊ကြက်သွန်မိတ်ကို သေးသေးလေးတွေ လှီး ၊
ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း ၊ ကြက်သွန်နီကို လေးဒေါင့်
အတုံးသေးသေးလေးတွေ လှီးပါ ၊ ဒါတွေအားလုံးရယ် ငံပြာရည် ၁ ဇွန်းရယ် သကြား ၂
ဇွန်းရယ် ငြုပ်သီးမှုန့်ရယ်ကို ထည့်ပြီး မွှေပါ ၊ ငြုပ်သီးကို အစပ်
နဲ့အရောင် အနေအထားကို ကြည့်ပြီးထည့်ပါ ၊ ဆားနဲ့ သိပ်စဉ်ကလုပ်သလို လက်နဲ့
ဖြစ်ညှစ် ဆုပ်နယ်ပေးပါ ၊ ပါဝင်တဲ့ အရသာ …အရောင် အားလုံး တစည်းတလုံးတည်း
ဖြစ်သွားစေတဲ့ သဘောပါ ၊ ပြီးရင် အဖုံး ဖုံးပြီး အေးမြတဲ့နေရာမှာ ၃-၎
ရက်လောက်ထားလိုက်ပါ ။ အခန်းအပူချိန်မှာပဲ ထားမှာပါ ၊ အဖုံးကို အကြပ်ကြီး
မပိတ်လိုက်ပါနဲ့ ။
စားလို့ ရပြီဆိုရင် ရေခဲသေတ္တာထဲမှာ အဖုံးပိတ်ပြီးထားပါ ၊ အဖုံးဖွင့်ထားရင် ငံပြာရည်ပါတဲ့ အတွက် အနံ့ထွက်ပြီး အနံ့တွေ ကူးကုန်ပါလိမ့်မယ် ၊ စားတဲ့ အချိန်ကလွဲရင်အဖုံးကို ဖုံးထားပါ ။
ကဲ ကိုယ်တိုင်လုပ်စားလို့ ရပြီနော် ……
ကိုရီးယားကားကို ကြိုတ်ကြတဲ့  ဦးဦး ၊ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ မောင်ငယ်၊ ညီမငယ်များ စိတ်ဝင်စားမယ်ထင်ပါ
တယ်။ တချို့ ကလည်း သိကြလိမ့်မယ်လို့  ထင်ပါတယ်.။..း)
0 comments:
Post a Comment