RSS

ပုရွက်ကြော်တွေ စားကြမလား

ပုရွက်ကြော်တွေ စားကြမလား



လယ်သမား Carlos Bayona ဟာ ကြီးမားတဲ့ အိုးကြီးထဲမှာ Culonas ပုရွက်တွေကို အပြန်အလှန် အထက် အောက်လှော်နေပါတယ် ။ ဒီပုရွက်ကြော်တွေကို Socorro မှာ စီးပွားဖြစ်လုပ်ကိုင်နေခဲ့ပါတယ် ။ ဧပရယ် ဂျွန် ရာသီတွေမှာ နှစ်စဉ်နှစ်တိုင်း Colombian လယ်သမား ထောင်ပေါင်းများစွာနဲ့ ၀ါသနာပါသူတွေက Santander စီရင်စုမှာ သူတို့ ဒေသရဲ့ ရိုးရာအဖြစ် ပုရွက်တွေ (Atta Laevigata) ကို လိုက်လံစုဆောင်းပါတယ် ။ ပုရွက်တွေ ကိုသူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် Ulonas လို့ခေါ်ကြပါတယ် ။ သူတို့ကို ချက်ပြုတ် ကြော်လှော်ပြီး တော့ ထူးခြားဆန်းပြားပြီး စွဲမက်နှစ်သက်ဖွယ်ကောင်းသော အထူးအစားအစာအဖြစ်ရောင်းချကြပါတယ် ။




၂၀၀၉ မေ ၁၉ ရက်နေ့မှာ San Gil မြို့ လမ်းတစ်နေရာမှာ ကလေးငယ်တစ်ဦးက Culonas ပုရွက်လှော်တွေကို ကြည့်နေခြင်း ဖြစ်ပါတယ် ။



မိန်းမတစ်ဦးက Barichara မြို့မှာ ၂၀၀၉ ခုနှစ် မေ၁၉ ရက်နေ့က ပုရွက်အချဉ်ရည်နဲ့ အာလူးချပ်ကို စားဖို့ ပြင်ဆင်နေ ပုံ ဖြစ်ပါတယ် ။



စားသောက်ဆိုင် Color de Hromiga , Barichara မှာ ပုရွက်ချဉ် ဆမ်းထားတဲ့ အစားအသောက်တစ်ခုကို ခင်းကျင်း ထားပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က စတိုးဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ဦးက Culonas ပုရွက်လှော်တွေ ထုပ်ထားတဲ့ အထုပ်တစ် ထုပ်ကို သူမရဲ့ စတိုးဆိုင်မှာ ပြသနေပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က မြို့လယ်ခေါင် လမ်းမကြီးမှာ ပျံကျဈေးသည်တွေဟာ Culonas ပုရွက်အရှင်တွေကို ခင်းကျင်း ပြသ ပြီး ရောင်းချလျှက်ရှိပါတယ် ။

စားသုံးဖူးသူတွေရဲ့ အဆိုအရ ဒီပုရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မှန်သမျှဟာ အရသာ အလွန်ထူး ကဲလှပြီး ဆိမ့်သောအရသာရှိတယ်လို့ ဆိုပါတယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

အနောက်သို့ 