RSS

ထွေရာလေးပါး

နည်းပညာ အသစ်

တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ နည်းပညာတွေ တမျိုးပြီး တစ်မျိုး မရိုးအောင်ကို ထွက်ပေါ်လာတာ
တကယ့်ကို အားကျဖို့ ကောင်းပါတယ်။ အခုတီထွင်လိုက်တဲ့ နည်းပညာကလဲ
တော်တော်အံ့သြစရာကောင်းလှပါတယ်။ ကျွန်တော်တို့ Display Screen က
ကိုယ့်လက်ပေါ်မှာ ပြန်ပေါ်နေတာဖြစ်ပါတယ်။ ဥပမာ - ဂဏန်းပေါင်းစက်မှာ ရှိတဲ့
နာမ်ပါတ်တွေ (1 2 3 4 ...) တွေကို သင့်လက်ပေါ်မှာတင် ခလုပ်တွေကိုဖိနှိပ်ပြီး
အပေါင်း အနုတ် အမြှောက် အစား တွက်ချက်မှု့တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ထိုနည်းပညာကိုတော့ Microsoft နှင့် Carnegie Mellon တက္ကသိုလ် တို့ အတူတကွ
ပူးပေါင်း တီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုအရာကတော့ သေးငယ်တဲ့
ပရိုဂျက်တာနှင့်စန်ဆာတို့ကိုအသုံးပြုပြီး လက်ပေါ်မှာ ပြသ
လုပ်ဆောင်နိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ သုတေသီများ
လုပ်ဆောင်ပြပုံတွေမှာတော့ ဂဏန်းပေါင်းစက်၊ MP3 ကဲ့သို့

နားစဉ်စရာများ၊ ဂိမ်းငယ်များ ဆော့ကစားနိုင်ခြင်း၊ ဖုန်း အသုံးပြုနိုင်ခြင်း စသည်များကို
ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ ထို ဖန်တီးမှု့များဟာ တော်တော်လေးကို
ခရီးရောက်နေပြီး နောက်ငါးနှစ်အတွင်းမှာ လူတွေကြားထဲမှာ ထွင်ကျုယ်စွာ
အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့ နည်းပညာများကိုလည်း
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာ ဘလူးတူ့ (Bluetooth)ထိုကဲ့သို့သော
နည်းပညာများကိုလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

အနောက်သို့ 