RSS

ရယ်စရာ ဟာသလေးတွေပါ..

သူ့အတွေး

ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့
ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး
စစ်ပါလေရောတဲ့ ....
ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် ..
အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး
... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့်ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ
.. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....


လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု
ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့်
လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။
ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ”
တဲ့။
:)


သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ်
အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို
ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက
ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို
ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက
ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့
မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´


ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို
အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို.
အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ...
အချိုတည်းကြရအောင် ... " တဲ့ ...


ယူမိသည့်တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်
ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...


အားလုံးပျော်ရွှင်ဖို့ ရည်ရွယ်ပါတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

အနောက်သို့ 