ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ
လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ
မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း
အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး
ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင်
ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့
ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account
ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊
စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊
ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out
လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး
Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။
ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး
အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး
တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ
အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း
အဆင်ပြေပါတယ်။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ
နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download
ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို
ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။
မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email
address password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download
ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။
ဥပမာပြောရရင် sample@gmail.com
က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ
တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ
နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail
တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ
ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ
အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက်
အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။
ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု
တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃)
ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။
သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့
မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail
အသစ်တစ်ခု လုပ်ပါ။
ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com
ဆိုတဲ့ Mail
ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။
1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။
ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။
inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ
နေပါလိမ့်မယ်။
မှန်ကန်စွာအသုံးချနိုင်ကြပါစေ။
မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း
အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data
တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ
အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့
တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ
သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။
အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင်
တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး
ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ
အဆင်ပြေမှုများနှင့် ပြည့်စုံကြပါစေ။
ု့ http://sofialay.blogspot.com/2010/01/gmail-back-up.htmlမှ ကိုးကားထားပါသည်။
0 comments:
Post a Comment