RSS

နည်းပညာ

(အွန်လိုင်း)မှာ မိမိတို့ email-များကို sign in-၀င်ကြတယ်၊ မိမိတို့ဖန်တီးထားတဲ့ ဆိုက်များကိုလည်း sign/ log in-၀င်ကြတယ်။ အဲလို ၀င်တဲ့အခါ password (လျို့ဝှက်) နာမည်များ ရိုတ်ထည့်ပြီးမှ ၀င်ရတယ်နော်။ အဲဒီလို ကိုယ်ပိုင် password-များနဲ့ လုပ်ထားလို့ မိမိတို့မေးလ်များ၊ ဆိုက်လေးများ လုံးခြုံမှုရှိလားဆိုတော့... နည်းပညာ တိုးတက်တဲ့ ခေတ်မှာ ရှေ့ကဖုံး၊ နောက်က ဖော်၊ ရှေ့က Virus-ကာကွယ်နည်း ထွင်၊ နောက်က Virus-အသစ်ထွင်... အဲလို ဖြစ်နေတဲ့ခေတ်မှာ  အပြည့်အ၀လုံခြုံမှု ရှိတယ်လို့ မဆိုနိုင်ပါဘူး။
အခု  တင်ပြပေးတဲ့ နည်းစနစ်လေးကတော့... နည်းပညာနဲ့ မိမိရိုတ်လိုက်စာများကို မှတ်လို့မရအောင် ကုတ်အဖြစ် (convert) ပြောင်းပေးတဲ့ နည်းစနစ်လေးပါ။ (Encrypt=မိမိ အွန်လိုင်းစာမျက်နှာမှာ ရိုတ်လိုက်တဲ့စာကို Code-အဖြစ် ပြောင်းပေးတဲ့နည်းစနစ်)လို့ ခေါ်ပါတယ်။
အမှာ။------။ မိမိရဲ့ ကိုယ်ပိုင် password-တွေ, စာတွေ မိမိ မမှတ်မိအောင် လုပ်တဲ့နည်း၊ မိမိရိုတ်တဲ့ ပို့စ်စာတွေ ပြောင်းပြန် ဖြစ်သွားတဲ့နည်းလို့တော့ မမှတ်လိုက်ပါနဲ့နော်။
အွန်လိုင်းပေါ်မှာ သူများတွေ ခြေရာခံမရအောင် လုပ်တဲ့စနစ်ပါ။ မိမိ password-ကတော့ မိမိလုပ်ထားတဲ့ အတိုင်း မပြောင်းပေးပါဘူး၊ အွန်လိုင်းမှာ ခြေရာခံမရအောင်ပဲ လုပ်ပေးပါတယ်ဗျာ။

အောက်က ပုံမှာ ကြည့်လိုက်ပါ၊ ဂူဂဲကနေ “မြန်မာ”လို့ စာရိုတ်နေတာ၊ အင်တာနက်စာမျက်နှာ အပေါ်ဘားကနေ အဲဒီ KeyScrambler or Encrypt-လေး အလုပ်လုပ်နေပုံ။
သတိ။----။ မျက်မှန်မပါလို့ (ဆောရီး) ပုံမြင်ကွင်း မရှင်းလို့ မမြင်ရရင်တော့ ပုံပေါ်ကို ကလစ်ကာ ရှု့စားတော်မူပါလို့... ကျောပါယဇေ...

မိမိ အင်တာနက်စာမျက်နှာ ဖွင့်လိုက်တာနဲ့ အဲဒီ  KeyScrambler-လေးက မိမိကွန်ပျူတာ အောက် ညာဘက်ဒေါင့်နားမှာ  KeyScrambler-icon-လေး တက်လာပါတယ်။
အဲဒီ icon-လေး အလုပ် လုပ်ပုံက
 မိမိက အင်တာနက်စာမျက်နှာ ဖွင့်ထားရင် (အစိမ်းရောင်) ဖြစ်နေမယ်။ အင်တာနက်စာမျက်နှာကို Minimize-လုပ်ထားရင် (အ၀ါရောင်) ဖြစ်နေပါမယ်။

စိတ်ဝင်စားလို့ မိမိကွန်ပျူတာမှာ ထည့်ထားချင်ရင် အောက်နားက Attachment-မှာနော်....

မူရင်းဆိုက်ကို သွားလေ့လာချင်ရင်ဋော့ အသည်းလေးကို ကလစ်လိုက်နော် (ခွဲတော့ မခွဲနဲ့နော်)--->
◊♥◊
Attachment: KeyScrambler_Setup.exe

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

အနောက်သို့ 