သဘောကျစရာ အလှမွေး ငါးကန် ဒီဇိုင်း ဆန်းဆန်း
၁။ ပုံမှန် တယ်လီဖုန်းရုံတစ်ခုကို ရေလုံအောင် ပြင်ဆင်ပြီး အလှဆင်လိုက်သော အခါ ဆန်းဆန်းပြားပြား ငါးမွေးကန်လေး ရရှိလာသည်။ Source
၂။ Octopus Studio မှ ပုံစံထုတ်ထားသော ငါးမွေးကန်သည် အလုံးပုံ ဖန်အိုးများကို တစ်ကန်နှင့် တစ်ကန် ဆက်ထားသော ပုံစံဖြစ်ပြီး ငါးမွေးဖန်အိုးများနှင့် ငါးအများကြီး မွေးမြူလိုသူများ အတွက် ရော ကန်လည်ထွက်လိုသည့် ရွေငါးလေးများ အတွက်ရော အဆင်ပြေမည့်ပုံစံ ဖြစ်သည်။ Source
၎။ သင့် ၏ Nike Air Max 360 ဖိနပ် ဟောင်းသွားပြီးလား။ လွင့်ပြစ်ဖို့ မလုပ်ခင် အပြင်အခွံကို လှလှပပ ငါးကန်လေးအဖြစ် ဖန်တီးကြည့်ပါ။ ငါးအကြီးတွေတော့ မွေးလို့ မရဘူးပေါ့။ Source
၅။ အကယ်၍ သင်ဟာ Apple ခရေစီ တစ်ယောက်ဖြစ်သည် ဆိုပါစို့။ သင်၏ Apple G4 Cube ကွန်ပျူတာကို မသုံးတော့ဘူးဆိုလျင် Computer Case ကို Apple တံဆိပ်နှင့် လှလှပပ ငါးကန်လေးအဖြစ် ပြောင်းလဲနိုင်ပါသည်။ Source
၆။ ကော်ဖီစားပွဲ အောက်ဖက်မှာ အလှမွေးငါးလေးများ လှလှပပ ကူးခတ်နေသည်ကို မြင်ချင်ပါသလား။ OpulentItems.com မှာ ရောင်းချတဲ့ Coffee Table aquarium က သင့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အောက်ခံ လျှပ်စစ်မီး၊ ရေစစ်နဲ့ ရေပန့်တွေ အပါအဝင် ဖြစ်ပြီး ဒေါ်လာ ၅၅၀ လောက်တော့ ကျသင့်ပါလိမ့်မယ်။ Source
၇။ တစ်ခါတစ်ရုံ ငါးလေးတွေကို တစ်နေရာရာ သယ်သွားဖို့ အခက်တွေ့နေလား။ ဒီ ဖန်အိုးလေးကတော့ ဒီအခက်အခဲတွေကို ပြေလည်ပါလိမ့်မယ်။ Source
၈။ ငါးမွေးကန်တွေရဲ့ ဖန်သား ထောင့်အချွန်တွေကို မကြိုက်ဘူးဆိုရင်တော့ အခုလို အနားဝိုင်းနဲ့ ငါးမွေးကန်ကို နှစ်သက်မှာ အသေအချပါပဲ။ Source
၉။ ဆန်းဆန်းပြားပြား ငါးမွေးကန်ပါပဲ။ ကန်နှစ်ခုကို ဖန်သား ကန်တစ်ခုနဲ့ ထပ်ပြီး ဆက်သွယ်ထားတာပါ။ Source
၁၀။ ဂျာမနီနိုင်ငံ ဘာလင်မြို့က Radisson SAS ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်မှာ ၁၅ မီတာ (၈၂ ပေ) မြင့်တဲ့ ငါးမွေးကန်ကြီးပါ။ ဆလင်ဒါပုံ ငါးကန်တွေထဲမှာ အကြီးဆုံး အလှမွေးငါးကန်လို့ ပြေရပါမယ်။ Source
Source : http://patheincity.com/news/index.php/2010/10/10-awesome-aquariums/#ixzz14gK4tIGq
မြို့တော်ပုသိမ် သတင်းစဉ် မှ ကူးယူဖော်ပြပါတယ်.။
သူငယ်ချင်းတို့ ရေဒီလိုမုန့် မျိုးစားချင်ပါသလား
စတော်ဘယ်ရီယို နဲ့ပေါင်မုန့်ပါဘဲ (ဒါပေမဲ့မစားရဲဘူး)
ကမ္ဘာတဝန်းမှာလူတိုင်း စားသုံးနေကြတဲ့ အခြေခံအစားအစာ တစ်ခု ကို
အမြင်တစ်မျိုးဖြစ်အောင်ဆန်းသစ်လိုက်ပါတယ်။ ဒါပေမဲ့ ဆန်းသစ်လိုက်တာက တော့
လှလှပပ တော့မဟုတ်ပါဘူး။ ဒီလူခန္ဓာကို အစိတ်အပိုင်းတွေဟာ ရက်စက်စွာ
အသတ်ခံထားရတဲ့လူတွေလို့တော့မထင်လိုက်ပါနဲ့
တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ အမှန်တကယ်တော့ အဲ့ဒါဟာ ပေါင်မုန်လုပ်တဲ့
ဂျုံတွေနဲ့လုပ်ထားတာဘဲဖြစ်ပါတယ်။ သူဟာ ပန်းပုပညာမှာ မာစတာဘွဲ့
ရထားတာဖြစ်ပြီး သူမိသားစု ရဲ့ပေါင်မုန့်ဖုတ်တဲ့ အလုပ်ရုံမှာ ဂျုံတွေကို
ဒီလို ပုံစံမျိုးတွေကို ဖြစ်အောင် ဖန်တီးတာဘဲ ဖြစ်ပါတယ်။ ဒီလို
ဒီဇိုင်းတွေကိုတော့ လူသတ်ဇာတ်ကားတွေကြည့်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ တချို့
ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆို အမေရိကန်ဒေါ်လာ ၅ဝဝ အထိဈေးကြီးပါတယ်။
တချို့ရုပ်ရှင်ကားတွေမှာသုံးဖို့အတွက်ဆိုရင်တော့ သူဆီလာပြီး
အလုပ်အပ်ရတယ်လို့သိရပါတယ်။
မကြည့်ရသေးတဲ့  သူငယ်ချင်းတွေ အတွက် fwd mail ထဲက ရလို့ မျှဝေလိုက်ပါတယ်..။