RSS

ရယ်စရာ အပိုင်းအစ များ

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊
စိတ်ညစ်စရာတွေက များလွန်းလို့ တညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း
အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။


"ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊
ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့
ကူညီမယ့်သူတောင်မရှိဘူး "

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်



"ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း
ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ" တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။ ဒေါ်လာ ၁ သန်း လိုချင်တယ်
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။



(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်

ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့

အမြန်လမ်းတစ်ခုလိုချင်တယ်။
ဘုရားသခင်ကပြန်ပြောတယ်။
- "ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့
တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ
အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ"



ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ " အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ"
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ
ရန်မဖြစ်ရအောင်.....

" အို ဘုရားသခင်၊ ကျွန်တော်မှာ
မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊

ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု
လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊
မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင်
ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို


နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ
သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်"
ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက်

တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

" ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ "

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ဟာသလေးနဲ့ စလိုက်ရအောင်

ငရဲပြည်မှာ လူနှစ်ယောက်ဆုံကြပြီး မိတ်ဆက်ရင်းပြောဆိုကြတဲ့အကြောင်

း လေးပါ
'' သယ်ရင်း မင်းရောက်တာကြာပြီလားးးး''
''မကြာသေးဘူး.....မင်းရောဘယ်တုန်းကရောက်လာလဲ''
''ငါလဲ ရောက်တာမကြာသေးပါဘူးးးးး''..... '' ဒါနဲ့ မင်းက ဘာရောဂါနဲ့ ဒီကိုရောက်လာတာလဲ''
''အအေးမိပြီး သေလို့ ဒီကိုရောက်လာတာ''
''အော်.....အအေးမိတာလားးးးးး'' ....... ''မင်းကရော ဘာရောဂါနဲ့လဲ''
''အင်းးးးးးငါက အံ့သြပြီးသေခဲ့ရတာ''
''ဘာာာာာ.....အံ့သြပြီးသေခဲ့ရတယ်''......''ရှင်းပြပါဦးးးးးး''
''အင်းးးးးး.....တနေ့ငါအပြင်ကပြန်လာတော့.....အိမ်ထဲမှာ ငါ့မိန်းမက လူစိမ်းတယောက်နဲ့
ရယ်မောပြောဆိုနေတဲ့အသံကို ကြားရတယ်....တခါးဖွင့်ခိုင်းတာလဲ မဖွင့်မေးဘူးးးးးးး''
''အင်းးးးးးဆက်ပြောပါဦးးးးးစိတ်ဝင်စားလာပြီ.....''
''ဒါနဲ့ ငါလဲ တခါးကိုရိုက်ဖျက်ပြီး အိမ်ထဲဝင် လိုက်တယ်...အိမ်ထဲမှာလိုက်ရှာတော့လဲမတွေဘူး''
''မိန်းမကိုလဲမေးတယ်...ငါအသံကြားတယ်...ဘူလဲ မေးပေမဲ့ ဘာမှပြန်မပြောဘဲ ရယ်နေတယ်''
''အိပ်ခန်းထဲ လိုက်ရှာလဲမတွေ့ဘူးးးးး ငါလုံးဝမကြေနပ်ဘူးးးးအသံသေသေချာချာ ကြားရဲ့သားနဲ့
ရှာမတွေ့တော့....ငါ့မိန်းမကို ထပ်မေးတယ်....ဟေ့...ငါစကားပြောသံသေသေချာချာကြားတယ်
ဘယ်ကကောင်လဲ...မေးအပြီးမှာ....မိန်းမကဘာမှပြန်မပြောတော့...အံ့သြပြီးသေခဲ့ရတာပါ'' လို့
သူအံ့သြပြီးသေခဲ့ရပုံကိုပြောပြတယ်.. အဲဒီမှာ...အအေးမိပြီးသေခဲ့တဲ့သူက အလျင်စလိုထပြီးပြောတယ်......
'' မင်းကွာ..ရေခဲသေတ္တာထဲဘဲဖွင့်ကြည့်လိုက်ပါတော့...အဲ့ဒါဆို မင်းလဲ အံ့သြပြီးမသေရတော့ဘူးးးးးး
ငါလဲ အအေးမိပြီး မသေရတော့ဘူးးးးးး'' တဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်ရွင်ဖွယ်ရာ ဟာသလေးတွေပါ..

1.ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို
ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းေ

ဖဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော
ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))

2.သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့် ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`တဲ့။´´

3.အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
"ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…"
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
"သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။"

4.ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
"သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော်
ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။"

5.အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ
ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"

6.ရွှာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။
ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊
မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို
မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက
အမြင်ကပ်သတဲ့။
သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို
လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ - ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက
မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ -
သား ။ ။ - ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ -
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင်
အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့
မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို
မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို
လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ...
မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး -

7.တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက -
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော
့ သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

8.သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ
ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့်
အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင်
ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက
ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

9.အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"


10.~ သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့
သာသုံးပေတော့
အချစ်လေး
မင်းရဲ့
ကိုကို
~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်။လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့သုံးဖို.
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး

11-လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

12---မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

13---------- စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်.."


14------သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

15----စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

16---စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်စရာ ဟာသလေးတွေပါ..

သူ့အတွေး

ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့
ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး
စစ်ပါလေရောတဲ့ ....
ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် ..
အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး
... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့်ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ
.. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....


လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု
ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့်
လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။
ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ”
တဲ့။
:)


သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ်
အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို
ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက
ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို
ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက
ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့
မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´


ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို
အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို.
အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ...
အချိုတည်းကြရအောင် ... " တဲ့ ...


ယူမိသည့်တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်
ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...


အားလုံးပျော်ရွှင်ဖို့ ရည်ရွယ်ပါတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Where Do You Go

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ကဗျာ လေး တပုဒ်


ငါဘဝ...........ငါမာနနဲ့...
ငါအသားကျနေပြီသားပါ..
ငါဦးနှောက်......ငါနှလုံးသား..
မင်းဆီမှာ........ကျရှုံးပြီးသားပါ..
သေဆုံးပြီး......သူတိုင်းသုဿန်မှာ..
အရိုးဆွေးတယ်ဆိုတဲ့...................
သမရိုးကျ........အတွေးမျိုး..........
ငါမတွေးရိုးမှန်ပါ.................
တကယ်လို့သာ.....တန်ခိုးရှိမယ်ဆိုရင်....
တန်ဖိုးရှိတဲ့..........ဆုတောင်းမျိုးတော့....
ငါခိုးပြီးပြုဖူးတယ်........
သခင်မင်းနား.......အခစားကာ...
ထံပါးတော်နား.......ခတွားမပျက်......
ရက်ဆက်နေ့စဉ်......ရှိနေချင်ပါတယ်
အရာရာကို......စွန့်လွှတ်နှိင်တယ်.....(မင်းကလွဲရင်)
အရာရာကို......မေ့ပစ်နှိင်တယ်........(မင်းကလွဲရင်)
အရာရာကို......ဂရုမစိုက်ချင်ဘူး.......(မင်းကလွဲရင်)
ဒါပေမဲ့............
မင်းရဲ့ဘက်မှာတော့..........
ဂရုစိုက်ချင်းကင်းတဲ့..........
သံသယအလင်းရောင်လေးကို..........
ငါလှမ်းမြင်လိုက်ရချိန်...........
ငါရင်းထားတဲ့အချစ်တစ်ခုဟာ......
အလိုလိုပျက်ယွင်းနိုင်ပါ့မလားလို့.........
ငါ့ဆီမှာ ဒွိဟနဲ့တွေသင်းလာတယ်.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Gtalk Box-လှလှလေးများ

ဒီ Gtalk box-လေးတွေက ကိုယ်ပိုင်ကွန်ပျူတာနဲ့ အင်တာနက်ချိပ် သုံးသူများအတွက် ပိုအဆင်ပြေမလားပဲ။ စုထားတဲ့ Gtalk-Box- သုံးမျိုးပါ။ အလိုရှိသူများ အောက်နား Attachment-ကနေ ယူနိုင်ပါတယ်မိမိစက်မှာ Gtalk Installation-တင်ထားပြီးသားဆိုရင် ဒီ Gtalk box-လေးတွေကို တခါတည်း ဖွင့်ပြီး အသုံးပြုရုံပါပဲ။  ပေါ်လာမည့်ပုံလေးတွေကတော့ ဒီအောက်ကလိုမျိုးလေးတွေပါ..။










Attachment: google talk blue.exe
Attachment: google talk green.exe
Attachment: Google talk pink.exe

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီနည်းပညာလေးကိုတော့ သားသားလေး ဆိုက်က ကူးယူဖော်ပြထားတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

သီချင်း များကို Download လုပ်ရန် သီချင်းပေါ်ကလစ်၍ Save လုပ်ပါ

2009 ထွက် သီချင်းများမှ အကောင်းဆုံးသီချင်းများ

D ဖြိုး ဒီကောင်မလေးအတွက်.mp3 - D ဖြိုး အိပ်မက်နိဂုံး .mp3 - D ဖြိုး နှမျှောတယ်.mp3 - ဆည်းဆာအလှခွေသစ်မှ ဇော်ပိုင်၏ သီချင်း ပြည့်စုံလွန်း.mp3 - ဆည်းဆာအလှ ခွေသစ်မှ ချမ်းချမ်းသီဆိုထားသော " ညှို့နိုင်လွန်းတဲ့ ကျမချစ်သူ.mp3 - ဧသင်ချိုဆွေ ရှုပ်ထွေးခြင်း.mp3 - ဧသင်ချိုဆွေ မင်းသမီး.mp3 - ဧသင်ချိုဆွေ လမ်းမခွဲကြေး .mp3 - ဧသင်ချိုဆွေ လေပြေ.mp3 - ဧသင်ချိုဆွေ ရပ်.mp3 - ဧသင်ချိုဆွေ အပြုံးလေး .mp3 - ဧသင်ချိုဆွေ ပြိုလဲကြေကွဲ .mp3
ဝိုင်ဝိုင်း၏သီချင်းကောင်းများ
. - Fool again .WESTLIFE.mp3 - If I let you go WESTLIFE.mp3 - No matter what WESTLIFE.mp3 - Flying without wing WESTLIFE..mp3 - I have a dream WESTLIFE.mp3 - Sware it again WESTLIFE.mp3 - I lay my like on you WESTLIFE.mp3 - Season in the sun.mp3 WESTLIFE - Big big world.mp3 - Nothings gonna change my love for you.mp3 - Truely , madly and deeply.mp3 - Right here waiting.mp3 - Unbreak my heart.mp3 - The power of love.mp3
ယနေ့အတွက်ကိုမျိုး၏ အထူးလက်ဆောင်သီချင်း . MP 3 - I M B နေချင်တယ်မင်းအနား .mp3 - I M B သနပ်ခါး .mp3 - I M B မျက်နှာ .mp3 - သိမ်းထားခွင့် N ကိုင်ရာ .mp3 - . အရင်ကဇတ်လမ်း ဟန်ထွန်း .mp3 - ရင်ခုန်ဘက်သို့တမ်းချင်း ဟန်ထွန်း.MP3 - အပြစ်မမြင်ပါဘူး ဝိုင်းစုခိုင်သိန်း.mp3 - မျောလွင့်နေတဲ့တိမ် ကောင်းမြတ်လေး .mp3 - လင်းနစ် ဒီဇင်ဘာည .mp3 - လမ်းဆုံ ဇော်ပိုင် .mp3 - L ဆိုင်းဇီ သွားစို့ အဝေး.mp3 - L ဆိုင်းဇီ မလွမ်းရဲသေးဘူး .mp3 - L ဆိုင်းဇီ ဟိုတုန်းကလို .mp3 - L ဆိုင်းဇီ အချစ်အတွက်ကံမကောင်ခဲ့သူ .mp3 - L ဆိုင်းဇီ မပြောင်းလဲတတ်တဲ့ ငါ့ရင်ထဲ .mp3 - မိန်းကလေးအချစ် .mp3 - မိန်းကလေးအချစ် .mp3 - ခင်ဘုဏ်း မင်းအချစ်သာစစ်ပါစေ .mp3 -လိပ်စာပေးပါ အိုဇုန်းအဖွဲ့ .mp3 - ဝေးဦးမှာလား အာဇာနည်+L ဆိုင်းဇီ .mp3 - နတ်သမီးလေး ဂရေဟမ် .mp3 - ပြန်လိုချင်တယ် L လွန်းဝါ.mp3 - အချစ်နဲ့ဘဝ - အယ်လ်နောင်း.mp3 - အင်းယားသို့ .mp3 - အဖြူရောင်သံစဉ်.mp3 - နေချင်တယ်မင်းအနား.mp3 - ခင်ဘုဏ်း မိုးပြေး .mp3 - ကာရံမလှတဲ့အတွေး Remix သူသူ .mp3 - ဘဝရဲ့တံခါး Remix ချစ်ကောင်း.mp3 -ဖြူဖြူကျော်သိန်း အနီးဆုံးလားအဝေဆုံးလား အင်္ဂလိပ်.mp3 - Numa numa Remix အင်္ဂလိပ်.mp3 - Titanic remix အဂ်လိပ်.mp3 - Home again အင်္ဂလိပ်သီချင်း .mp3 - ဆောင်းဦးရွက်ကြွေ ဇတ်ဝင်သီချင်း .mp3 - လွမ်းမပြေ ဇတ်ဝင်သီချင်း .mp3 - ချစ်စံအိမ် ဇတ်ဝင်သီချင်း MP3
ယခု သီချင်းများအပြင် ထပ်မံပြီ သီချင်းကောင်း အပုဒ် 200 တစ်ကြီမ်တည်း Upload လုပ်နေပါသည် ။
ရဲလေးနောက်ဆုံးထွက် တတိယ ကာရံ အခွေမှ သီချင်းများ
13.မနှုတ်ဆင်ချင်ဘူးRemix.mp3 - 12.တစ်ယောက်တစ်မျိုး.mp3 - 11.နတ်သမီး.mp3 - 10.မင်းနဲ့ပျော်ချင်လို့.mp3 - 9.ရိုးမြေည.mp3 - 8.မဟုတ်ရပါဘူး.mp3 - 7.ကောင်ကလေးကကောင်မလေးကို.mp3 - 6. မနှုတ်ဆက်ချင်ဘူး.mp3 - 5. ဝမ်းတူးဝမ်းတူး.mp3 - 4.တို့နှစ်ယောက်အကြောင်း.mp3 - 3.ဘာစားမလဲအကို.mp3 - 2.ကိုယ့်ရဲ့ကွက်လပ်.mp3 - 1.ငါဘာမှမသိ.mp3
ဆက်လက်ပြီး အခွေသစ် များထဲမှ အကောင်းဆုံးနှင့် လူကြိုက်အများဆုံး သီချင်းများကို နေ့စဉ် တင်ပေး သွားမှာပါ သီချင်းများ ယူရာတွင် အလွယ်ကူဆုံး နှင့် အမြန်ဆုံး ရရှိနိုင်ရန် စီစဉ်းထားသောကြောင့် အားလုံး စိတ်ကျေနပ်မယ်လို့ ထင်ပါတယ် ခင်ဗျာ တစ်ခြားသီးချင်းများ လိုအပ်ပါက ရှေ့ ပင်မစာမျက်နှာရှိ email လိပ်စာမှ တဆင့် တောင်းယူနိုင်ပြီး အမြန်ဆုံး နေ့ဆွဲတပ်၍ တင်ထားပေးပါမည်။
အာဇာနည်၏သီချင်းကောင်းများ
ရင်ခွင်သစ် အာဇာနည် .mp3 - ရွှေလည်တိုင် အာဇာနည် .mp3 - စည်းတစ်ဘက်ခြား အာဇာနည် .mp3 - မင်းနဲ့ နီးချင်ပြီ အာဇာနည် .mp3 - ကြေပါစေ အာဇာနည် .mp3 - ခွင့်ပြုတယ်ခွင့်လွှတ်တယ် အာဇာနည် .mp3 - ကိုယ့်အနားရှိစေချင် အာဇာနည်.mp3 - ဂန္ဒဝင်ဆည်းဆာ အာဇာနည် .mp3
မျိုးကြီး ၏အကောင်းဆုံးသီချင်းများစုစည်းမှု့
ဆန့်ကျင်ဘက် မျိုးကြီး .mp3 - နေရောင်အောက်က မျိုးကြီး .mp3 - ပြေးလို့ကြိုပါ မျိုးကြီး .mp3 - နေခဲ့တော့ မျိုးကြီး .mp3 - နေ့သစ်တွေရှိမယ် မျိုးကြီး .mp3 - မင်းသိဖို့ကောင်းတယ် မျိုးကြီး .mp3 - မလာပါနဲ့ မျိုးကြီး .MP3 - ပြောမရဘူး မျိုးကြီး.mp3 - လေပြေ မျိုးကြီး .mp3 - ကတ္တီပါလမ်းခွဲ မျိုးကြီး .MP3 - အပြစ်တစ်ခုဖန်ဆင်း မျိုးကြီး.mp3 - ပြန်လာချိန်လေး မျိုးကြီး.MP3
ယနေ့ ထပ်မံ ပြီးUpload လုပ်ပေးထားသော သီချင်းများ
ဘယ်သူမှ အာဇာနည်+စည်သူလွင်.mp3 - နားလည်ပါ Big bag.mp3 - မင်းအကြောင်းအိမ်မက် L လွန်းဝါ+စည်သူလွင်.mp3 - အတူတူဆိုရင် ထွဏ်းထွဏ်း+လေးလေးဝါး.mp3 - တို့ချစ်တဲ့ကမ္ဘာ အဖွဲ့ .mp3 - ထာဝရဖြစ်စေ Lဆိုင်းဇီနှင့် အဖွဲ့.mp3 - ရတုအဆက်ဆက် ဆူဇီ.mp3 - စိတ်ညစ်မှာဆိုး L လွန်းဝါ+ဆူဇီ .mp3 -My love.mp3

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ဧရာမ ကိုရီးယားအစားအစာ bibimbap

ဧရာမ ကိုရီးယားအစားအစာ bibimbap




Bibimbap ဆိုတာ ကိုရီးယားအစားအစာတစ်မျိုးဖြစ်ပါတယ် ။ တချို့ကတော့ Mixed rice
လို့လည်းခေါ်ကြပါတယ် ။ စားဖိုမှူးတွေက ဒီ bibimbap ပေါ်မှာ အချဉ်ရေ
ဆမ်းနေပုံပဲဖြစ်ပါတယ် ။ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က
တရုတ်ပြည်အရှေ့မြောက် Jilin စီရင်စုမှ Chuangchun မှာရှိတဲ့ Wanda ပလာဇာမှာ
ဒီကျောက်နဲ့ပြုလုပ်ထားတဲ့အိုးကြီးထဲမှာ ဆန်တွေထည့်ပြီး
ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ် ။ ကိုရီးယားလူမျိုးတွေဟာ ဆန်တွေနဲ့
သစ်သီသစ်ရွက်တွေ နောက်ပြီး အသားတွေကို ပူကျက်နေတဲ့ ကျောက်တုံးအိုးတွေထဲမှာ
ထည့်ပြီးချက်ပြုတ်စားသောက်လေ့ရှိကြပါတယ် ။ ဒီလို ဧရာမ bibimbap
ကိုပြုလုပ်ဖို့အတွက် တစ်ရက်နီးပါးကြာခဲ့ပြီး diameter ကတော့ ၂ မီတာအထိ
ကျယ်ပြီးဆန် ၁၅၀ ကီလိုဂရမ်နဲ့ အရွက် ၅၀ ကီလိုဂရမ်အသုံးပြုခဲ့ရပါတယ် ။








သက်တန့် ချို ဘလော့မှ ကူးယူဖော်ပြပါတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ထူးဆန်းသေား သစ်သီး

ထူးဆန်းသော သစ်သီးများ







ဒီဒူးရင်းသီးလေးက အထဲမှာ ဒူးရင်းသီးး အသေးလေးတစ်လုံး ထပ်ပါပါတယ် ။ မျိုး ဗီဇပြုပြင်ထားခြင်း မဟုတ်ပဲ အလိုအလျှောက်ပါဝင်နေခြင်း ဖြစ်ပါတယ် ။





ဒါကတော့ အနီရောင် ဒူးရင်းသီးတွေပါ ။ အပြင်ခွံက အ၀ါရောင်ဖြစ် ဖြစ်ပြီး အထဲက အသားအမွှာတွေကတော့ အနီရောင်ဖြစ်နေခြင်းဖြစ်ပါတယ် ။


ပန်းရောင် ငှက်ပျောသီး ဖြစ်ပါတယ် ။ ပုံစံကတော့ပုပု လုံးလုံးဖြစ်ပြီး တောနက်တွေထဲမှာ တွေ့ရလေ့ရှိပါတယ် ။ စားသောက်ဖို့အတွက် အန္တရာယ် ရှိမရှိကိုတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ် ။
သက်တန့် ချိုမှ ကူးယူဖော်ပြလိုက်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ပုရွက်ကြော်တွေ စားကြမလား

ပုရွက်ကြော်တွေ စားကြမလား



လယ်သမား Carlos Bayona ဟာ ကြီးမားတဲ့ အိုးကြီးထဲမှာ Culonas ပုရွက်တွေကို အပြန်အလှန် အထက် အောက်လှော်နေပါတယ် ။ ဒီပုရွက်ကြော်တွေကို Socorro မှာ စီးပွားဖြစ်လုပ်ကိုင်နေခဲ့ပါတယ် ။ ဧပရယ် ဂျွန် ရာသီတွေမှာ နှစ်စဉ်နှစ်တိုင်း Colombian လယ်သမား ထောင်ပေါင်းများစွာနဲ့ ၀ါသနာပါသူတွေက Santander စီရင်စုမှာ သူတို့ ဒေသရဲ့ ရိုးရာအဖြစ် ပုရွက်တွေ (Atta Laevigata) ကို လိုက်လံစုဆောင်းပါတယ် ။ ပုရွက်တွေ ကိုသူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် Ulonas လို့ခေါ်ကြပါတယ် ။ သူတို့ကို ချက်ပြုတ် ကြော်လှော်ပြီး တော့ ထူးခြားဆန်းပြားပြီး စွဲမက်နှစ်သက်ဖွယ်ကောင်းသော အထူးအစားအစာအဖြစ်ရောင်းချကြပါတယ် ။




၂၀၀၉ မေ ၁၉ ရက်နေ့မှာ San Gil မြို့ လမ်းတစ်နေရာမှာ ကလေးငယ်တစ်ဦးက Culonas ပုရွက်လှော်တွေကို ကြည့်နေခြင်း ဖြစ်ပါတယ် ။



မိန်းမတစ်ဦးက Barichara မြို့မှာ ၂၀၀၉ ခုနှစ် မေ၁၉ ရက်နေ့က ပုရွက်အချဉ်ရည်နဲ့ အာလူးချပ်ကို စားဖို့ ပြင်ဆင်နေ ပုံ ဖြစ်ပါတယ် ။



စားသောက်ဆိုင် Color de Hromiga , Barichara မှာ ပုရွက်ချဉ် ဆမ်းထားတဲ့ အစားအသောက်တစ်ခုကို ခင်းကျင်း ထားပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က စတိုးဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ဦးက Culonas ပုရွက်လှော်တွေ ထုပ်ထားတဲ့ အထုပ်တစ် ထုပ်ကို သူမရဲ့ စတိုးဆိုင်မှာ ပြသနေပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က မြို့လယ်ခေါင် လမ်းမကြီးမှာ ပျံကျဈေးသည်တွေဟာ Culonas ပုရွက်အရှင်တွေကို ခင်းကျင်း ပြသ ပြီး ရောင်းချလျှက်ရှိပါတယ် ။

စားသုံးဖူးသူတွေရဲ့ အဆိုအရ ဒီပုရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မှန်သမျှဟာ အရသာ အလွန်ထူး ကဲလှပြီး ဆိမ့်သောအရသာရှိတယ်လို့ ဆိုပါတယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ထူးဆန်းတဲ့ ကိတ်မုန့် လေးပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ချစ်သူ ကဗျာ

အစကတည်းက..........ဝေးကွာပြီးသားပါ.....
နှလုံးသားထဲမှာ..........မင်းပုံရိပ်ကိုထည့်ပြီး.....
မိုင်းထောင်ပေါင်းများစွားကို......တွန်းလှန်နေတဲ့ကောင်...
မြင်ယောင်နေကျ........မင်းရုပ်သွင်ကို...........
အသစ်လိုပြန်နွေးပြီး.......အလွမ်းနာကိုအံတုနေတဲ့ကောင်......
ကြားနေကျ.............မင်းအသံကို........
ပြန်ပြန်ကြားယောင်ပြီး....မနက်ဖြန်ဆိုတဲ့တောင်ကိုတက်မယ့်ကောင်.....
မင်းကြည့်လိုက်ပါ...............
ငါဆိုတဲ့ကောင်ရဲ့..........အလွမ်းတွေနောက်မှာ....
ဘယ်သူနဲ့မှမတူတဲ့......မျှော်လင့်ခြင်းတွေ...
အချစ်တွေ.....ပါပါလိမ့်မယ်....
ချစ်သူ.........
......အလွမ်းဆိုတဲ့အပ်နဲ့....တစ်ချက်ထိုးတာနဲ့တင်....
ငါ့နှလုံးသားဆွေ့ဆွေ့.....ခုန်နေတယ်....
သွေးစိမ်းရှင်ရှင်ကျမှ.......ရပ်မယ်ဆို....
အပ်နဲ့ထိုးမနေပါနဲ့တော့......
အဆက်ဖြတ်ခြင်းဓားနဲ့တခါတည်း....
အားကုန်ထိုးလိုက်ပါတော့.........

ချစ်သူ...
.........မင်းပျော်မယ်ဆိုရင်....နေ့တိုင်းနေ့တိုင်း...
ငါ့အလွမ်းတွေကို....မြေမကျခံယူပြီး...
မင်းဆီပို့ပေးပါမယ်...
မင်ကျေနပ်မယ်ဆို.......အိပ်မက်တွေကို....
အရည်ဖျော်ပြီး........မင်းသောက်ဖို့...
ကော်ဖီတစ်ခွက်လုပ်ပေးပါ့မယ်......
မင်းလိုချင်တယ်ဆို....ငါ့အချစ်ကို...
မင်းနင်းမယ့်.....လမ်းမှာဖြန့်ခင်းပေးပါမယ်.......

သူငယ်ချင်း တယောက်ရဲ့ ကဗျာ လေးတွေပါ ..း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments1

CD or DVD ထဲကသီချင်းတွေကို format ပြောင်းပြီးယူမယ်....

format factory
format factory က စက်ရုံကြီးလို့တင်စားထားတဲ့အတိုင်းပဲရှင်Audio ,video ,picture တွေကို format type တော်တော်များများကိုပြောင်းပေးလို့ရတယ်..။
ဒီ software ကိုကျွန်မလည်းသုံးနေပါတယ် ကြိုက်လည်းကြိုက်တယ်အဲဒီတော့ ဒီအောက်မှာရှင်းမယ်နော်....

ပထမဆုံးအနေနဲ့ format factory ကို ဒီနေရာကိုကလစ် ပြီးသွားဒေါင်းလိုက်ပါရှင်.....
ပြီးရင်တော့ Install လုပ်လိုက်ပေါ့ ကျွန်မကြိုက်ရတဲ့အကြောင်းရင်းထဲမှာ Free သုံးလို့ရတာကြောင့်လည်းပါတယ်..

ကိုယ်ကူးယူချင်တဲ့ CD သို့ DVD ကို စက်ထဲကိုထည့်ရှင်


အထက်ကပုံကိုကြည့်ပါရှင်ကျွန်မတို့က mp4 format လိုချင်တာဆိုတော့ video ကိုကလစ်ပေါ့ နံပါတ် (1) လို..
ပြီးရင်တော့ ALL To MP4 ကလစ်ပေါ့ နံပါတ် (2) ကလို...။


ဒါကတော့ စောစောက ALL TO MP4 ကိုလစ်လိုက်ရင်ပြောင်းသွားမည့် နောက်တစ်ဆင်ပေါ့ရှင်
ADD File ကိုကလစ်လိုက်
အောက်က ပုံထဲကအတိုင်းတွေ့ရင်...


mycomputer===> CD,DVD Room ကို open လိုက်
အဲဒီမှာ folder လေးတွေနဲ့ ပေါ်လာလိမ့်မယ် ကျွန်မတို့လိုချင်တဲ့ video တွေက MPEGAV ဆိုတဲ့ folder ထဲမှာရှိတယ် open ပြီးရင် အားလုံးကို drag ဆွဲပြီး (select all ) ပြီး open
ထပ်ပေးလိုက်....
နောက်တစ်ဆင့်ကို ဆက်ကြည့်လိုက်.....


video ဖိုင်တွေရောက်လာပြီဆိုရင်တော့ OK ကိုကလစ်ပေးလိုက်ပေါ့
နောက်တစ်ဆင့်ဆက်ကြည့်မယ်အောက်မှာ...


(1) မှာလို အောက်ကနေအပေါ်အတိုင်း drag ဆွဲပေးလိုက်ပါအားလုံးကို......ပြီးရင်တော့ (2) အတိုင်း start ကိုသာ ကလစ်ပေးလိုက်ပါ အားလုံးကို convert လုပ်ပေးသွားပါလိမ့်မယ်....။
ပြီးရင်တော့ my documents ထဲက FFoutput ဆိုတဲ့ folder လေးထဲမှာ MP4 format နဲ့ သီချင်းတွေကို တွေ့ရပါလိမ့်မယ်...။
youtube မှာပဲတင်တင် phone ထဲကိုပဲထည့်ထည့် ရပြီပေါ့ရှင်..။
MP3 ပြောင်းမယ်ဆိုရင်လည်း အပေါ်ဆုံးက ပုံထဲကလို Audio ====> ALL TO MP3 ဆိုတာကနေ ခုရှင်းပြပေးခဲ့တဲ့အဆင့်တွေအတိုင်းသာ သွားလိုက်ပေါ့
သီချင်းတွေ၊ ဗွီဒီယိုတွေကို ဖြတ်မယ်တောက်မယ်ဆိုရင်လည်း ဒုတိယ ဓါတ်ပုံထဲကလို Add file ====> option ကနေ start time မှာ ဖြတ်ချချင်တဲ့ မိနစ်ကိုပေးပြီး end time တော့
အဆုံးထိလိုချင်လည်း အဆုံးထိပေါ့ မဟုတ်လည်း ရပ်ပစ်ချင်တဲ့နေရာက မိနစ်ကို
ပေးလိုက်ပြီး ok လိုက်ရုံပါပဲ........။
ဒီလောက်ဆိုရင်တော့ ရမယ်ထင်တယ်ရှင်

အဆင်ပြေနိုင်ကြ ပါစေနော်..း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ကိုးရီးယား LESSON FOR ALL

ကဲ အခု ကိုရီးယား ကားတွေကို အရမ်းကြိုတ်တဲ့  .ဦးဦး.ဒေါ်ဒေါ်.. ကိုကို..မမ..မောင်ငယ်..ညီမလေးများ အတွက်ပါ...ကိုးရီးကားတွေ ကြည့်ရင်းနဲ့  တချို့  မမတွေပေါ့နော်..ဟီး..ကျွန်မ အပါဝင်ပေါ့ သူတို့ ပြေားတဲ့ စကားလုံးတွေကို အရမ်းသိချင်စိတ်
ပျင်းပြလို့  တခါတလေ လိုက်မှတ်တာမျိုးရှိပါတယ်။ ဒါမှ မဟုတ် ကိုးရီးကား ကြည့်တာများလို့ 
တချို့  စကားလုံးတွေ ဆို မှတ်မိသွားတက်ပါတယ်..အခုတော သိသလောက်လေး တင်ပြလိုက်
မယ်နော် ...မှားတာရှိရင်  ၀န်တာမိ ပါ ...မှားနေတယ်ဆိုလည်း ပြုပြင်ပေးကြပါလို့ ....
ကိုရီးယားဘာသာတွင် အခြေခံဗျည်း (၁၄)လုံးနဲ့ ပွားဗျည်း(၅)လုံး။ စုစုပေါင်းဗျည်း (၁၉) လုံးရှိပါတယ်။
အဲဒီဗျည်းတွေကတော့ ...

ㄱ , ㄴ , ㄷ , ㄹ , ㅁ , ㅂ , ㅅ , ㅇ , ㅈ , ㅊ , ㅋ , ㅌ , ㅍ, ㅎ ,
ga , na , da , ra , ma , ba , sa , aa , ja , cha , kha , hta , fa , ha ,
(ဂ) (န) (ဒ) (ရ) (မ) (ဘ) (စ) (အ) (ဂျ) (ချ) (ခ) (ထ) (ဖ) (ဟ)
ဒါကတော့အခြေခံဗျည်း (၁၄)လုံးပါ။ (အသုံးများပါတယ်)

ㄲ ㄸ ㅃ ㅆ ㅉ
ka ta pa sa kya
(က) (တ) (ပ) (ဆ) (ကျ)
ဒါကတော့ပွားဗျည်း (၅) လုံးပါ။ (အသုံးနည်းပါတယ်)

ပြီးတော့ ထပ်သိသင့်တာက ဗျည်းနဲ့ တွဲရမည့်သရများ...
အခြေခံသရ (၁၀) လုံးရှိပါတယ်။အဲဒါတွေကတော့...

ㅏ ㅑ ㅓ ㅕ ㅗ ㅛ ㅜ ㅠ ㅡ ㅣ
(အာ) (ရာ) (အော) (ရော) (အို) (ယို) (အူ) (ယူ) (အု) (အီ)

ပွားသရ (၄)လုံးရှိပါတယ်.အဲဒါတွေကတော့...

ㅐ ㅒ ㅔ ㅖ
(အဲ) (ရဲ) (အယ်) (ယယ်)

ဗျည်းနဲ့ သရဟာ ဘာသာစကားတစ်ခုရဲ့ အဓိကအကျဆုံးအခြခံမို့ အရင်ဆုံးရေးတာပါ။
ဒါလေးတွေသိပြီဆိုရင်တော့ဗျည်းနဲ့ သရကို ပေါင်းပြီးဖတ်ကြည့်ကြတာပေါ့ရှင်

ㅂ ဆိုတဲ့ ဗျည်းလေးက ... ဘ .... ဆိုတဲ့အသံလေးထွက်ပါတယ်။
ㅏ ဆိုတဲ့ သရလေးက... အာ ... လို့အသံထွက်တယ်တဲ့..
ဒါဆို အဲဒီဗျည်းလေးနဲ့သရလေးကိုပေါင်းပြီး အသံထွက်ကြည့်ရအောင်...
ㅂㅏ ..... ဘ + အာ .... ဘာ....လို့ထွက်ပါတယ်
ㅂလေးကို တခြားသရတစ်ခုဖြစ်တဲ့ ㅗ (အို) ဆိုတာလေးနဲ့ပေါင်းပြီးအသံထွက်လိုက်မယ်ဆိုရင်
ㅂㅗ ...... ဘ + အို ..... ဘို ....... လို့ထွက်ပါတယ်..
ဘာနဲ့ဘို ကိုပေါင်းတော့바보 ဘာဘိုပေါ့ ---အဓိပါယ်ကတော့ crazy တဲ့

ㅇ .... အ လို့ အသံထွက်တဲ့ဗျည်းတစ်ခုပါ ..... အဲဒီဗျည်းလေးကို ㅗ အို လို့အသံထွက်တဲ့ သရလေးနဲ့ပေါင်းမယ်
ㅇㅗ .... 오 (ပေါင်းရေးလိုက်တာပါ)...... အ + အို ..... အို လို့အသံထွက်ပါတယ်
ㅃ .... ပ လို့ အသံထွက်တဲ့ဗျည်းပါ... ㅏ..အာ..ဆိုတဲ့သရလေးနဲ့ပေါင်းပါမယ်
ㅃㅏ ........ 빠 ....... ပ + အာ ..... ပါ / ပါး ........ လို့အသံထွက်ပါတယ်
.. အို ...... နဲ့ ...ပါး လေးကိုပေါင်းဖတ်လိုက်မယ်ဆိုရင်. ဆိုတဲ့ ... အိုပါး ဆိုတဲ့အခေါ်အဝေါ်လေးဖြစ်လာပါတယ်။ အစ်ကိုကြီးပေါ့ဗျာ

ဘာသာစကားတစ်ခုကို အရေးရောအဖက်ပါစာတွေ့ လေ့လာဖို့ ဆိုတာအရမ်းကိုကျယ်ပြန့်လွန်းပါတယ်
ပြီးတော့ကျွန်မကိုယ်တိုင်လည်းလေ့လာနေဆဲမို့  အခြေခံကျကျဝေမျှဖို့ ဆိုတာထင်သလောက်မလွယ်ပါဘူး။
လေ့လာသူတွေလဲအစမှာတင် စိတ်ပျက်သွားနိုင်ပါတယ်။အဲဒါကြောင့် လိုအပ်သလောက်လေးတွေကိုပဲ
အဆင့်ကျော်ပြီး ဝေမျှသွားပါ့မယ်။

နှုတ်ဆက်စကား

안녕.....................(အန်ညောင်း) = hi

안녕하세요.........(အန်ညောဆဲယို) =မင်္ဂလာပါ။

안녕하십니까.....(အန်ညောင်းရှီမနီကာ) =မင်္ဂလာပါခင်မျာ။

안녕하세요! (အန်ညောင်းဟာဆဲယို) = မင်္ဂလာပါ။ ယဉ်ကျေးစွာဦးညွတ်နှုတ်ဆက်ရန်
ကိုရီးယားစာမှာ (ဟ) သည်အသံမဲ့ဖြစ်သောကြောင့်ရေးသောအခါမှာထည့်သုံးပြီး
ပြောတဲ့အခါမှာတော့ ပျောက်သွားပါတယ်။ (အန်ညောဆဲယို) လို့ ပြောရမှာပါ။

သူငယ်ချင်းချင်းတွေ ကိုယ့်ထက်ငယ်တဲ့သူတွေကိုတော့ 안녕! (အန်ညောင်း) လို့ ပဲပြောလို့ ရပါတယ်
အထက်လူကြီး၊သူဌေး၊လူကြီးမိဘတွေ ကိုတော့ 안녕하십니까 (အန်ညောင်းဟာရှီမနီကာ)
အယဉ်ကျေးဆုံးနှုတ်ဆက်စကားပါ။ မင်္ဂလာပါခင်များ လို့ သက်ရောက်ပါတယ်။

안녕히가세요 (အန်ညောင်း(ဟီ)ဂါဆယ်ယို) ။ငြိမ်းချမ်းစွာသွားပါ။ ထွက်ခွာသူကိုပြောရန်...

안녕히계세요 (အန်ညောင်း(ဟီ)ဂယ်ဆယ်ယို)ငြိမ်းချမ်းစွာနေခဲ့ပါ။ကျန်ရစ်သူကိုပြောရန်...

안녕히주무세요 (အန်ညောင်း(ဟီ)ဂျူမူဆယ်ယို) ကောင်းသောညပါ(good night)

မှတ်ချက်...히 (ဟီ) ကအသံပျော့ဖြစ်သောကြောင့် ဖျောက်ပြောလဲရပါတယ်။

ကျေးဇူးတင်စကား

감사합니다 - ဂမ်ဆားဟပ်မီသာ..ကျေးဇူးတင်ပါတယ်ခမျာ
(အထက်လူကြီးများနှင့် မိဘလူကြီးများနှင့်ပြောရာတွင်သုံးသည်၊၊
고맙습니다 - ဂိုမတ်ဆုမီသာ ... ကျေးဇူးတင်ပါတယ်
고마워 - ဂိုမားဝေါ ...ကျေးဇူးပဲ
သူငယ်ချင်းများ မောင်နှမများနှင့် ငယ်ရွယ်သူများကို သုံးသည်။

------အခေါ်ဝေါ်များ------

친척 (ချင်း(န)ချောက့်(ဂ) ) = ဆွေမျိုး
부모 (ဘူမို) =မိဘ
아버지 (အာဘောဂျိ) = အဖေ
아빠 (အာပါး) =ဖေဖေ
어머니 (အောမောနီ) = အမေ (အောမောညီ လို့ လဲခေါ်ကြပါတယ်)
어마 (အော့မာ) = မေမေ
할아버지 (ဟာဒါဘောဂျိ) = အဖိုး (ဟာ(လ်)ရာဘောဂျိ လို့ ရေးပါတယ်)
할머니 (ဟား(လ်)မောနီ) = အဖွား (ဟားမောညီ လို့ လဲခေါ်ကြပါတယ်)
남평 (နမ့်(မ)ဖျောင်း) = ခင်ပွန်း
아내 (အာနဲ) =ဇနီး (wife = ၀ိုက်ဖု လို့ လဲပြောကြပါတယ်)
아들 ( အားသူး) = သား (အားဒူးလ် လို့ ရေးပေမဲ့  အားသူးလ်လို့ ပဲ ပြောကြပါတယ်)
딸 (သား(လ်)) = သမီး (တားလ် လို့ ရေးပေမဲ့ သားလ် လို့ ပဲ ပြောကြပါတယ်)
형 (ဟရောင်းင် ) = အစ်ကို (အမျိုးသားသုံး)
오빠 (အိုပါး ) = အစ်ကို (အမျိုးသမီးသုံး)
누나 (နူနာ) =အစ်မ (အမျိုးသားသုံး)
언니 (အော(န်) နီး) =အစ်မ (အမျိုးသမီးသုံး)
동생 (ဒုန်(င်)ဆန်းင်) = ညီ ၊ ညီမ
남동생 (နမ်(မ်)ဒုန်င်ဆန်းင်) = ညီ ၊မောင်။
여동생 (ယော်ဒုန်င်ဆန်းင်) = ညီမ
남자 (နမ့်(မ်) ဂျာ ) = အမျိုးသား (အားလုံး)
여자 (ယော်ဂျာ) = အမျိုးသမီး (အားလုံး)
아까씨 (အာကားရှိ) = ကောင်မလေး (မိန်းကလေး)
친구 (ချင်းန်ဂု) = သူငယ်ချင်း
남자친구 ( နမ့် (မ်) ဂျာ ချင်းန်ဂု) = boyfriend (၊ကောင်လေး၊ ဘဲ ) =ချစ်သူ၊ရည်းစာ၊
여자친구 (ယော်ဂျာချင်းန်ဂု) = girlfriend ( ကောင်မလေး၊ စော် ) =ချစ်သူ၊ရည်းစာ၊
형재 (ဟရောင်းင်ဂျဲ) = ညီအစ်ကို
자매 (ဂျာမဲ) = ညီအစ်မ
오누이 (အိုနူအီ) = မောင်နှမ


အရေးကြီးတာလေးတစ်ခု ကျန်နေခဲ့လို့ ကြားညှပ်ထည့်ပေးလိုက်တယ်။ သိချင်ကြမှာပါ
ဘာလဲ ဆိုတော့...

(사랑해 ) = ဆာဒမ်းငဲ = i love u ( အသုံးဝင်မယ်ထင်ပါတယ်၊)
ဟီး........းp..း)

မှတ်ချက်..

အရေးနဲ့ အဖတ်မှာ အသံကွဲတာလေးတွေရှိပါတယ်။ထို့ အတူ စာတွေ့ နဲ့ လက်တွေ့ 
ကွာတာလေးတွေလဲရှိပါတယ်။ ကျွန်တော်သိသလောက်လေးတွေပါ။ နောက်ထပ်သိတဲ့
အစ်ကိုအစ်မများလဲ ဒီနေရာလေးမှ ပညာဒါန အဖြစ် ၀င်ရောက်ဝေမျှပေးဖို့ 
ခင်မင်လေးစားစွာ ဖိတ်ခေါ်ပါတယ်။ မြန်မာပြည်မှာသင်တာတွေနဲ့ 
ဒီမှာလက်တွေ့ ကျကျ ပြောတာတွေ ကွာခြားချက်တော်တော်များပါတယ်။ နောက်ပြီး တချို့  စာတွေက
တူအောင်လိုက်ပြောလို့ ရပေမဲ့ မြန်မာလိုအသံထွက်ချရေးဖို့ ခက်တာတွေရှိပါတယ်။
ဥပမာ- (ㄹ) ဆိုတဲ့ ဗျည်း လိုပေါ့ ။ မြန်မာဗျည်းမရှိပါဘူး အနီးဆုံးရေးရရင် (၀ရ) အဲလိုမျိုးလေးတွေပါ။
လေတက်တဲ့အသံလိုမျိုးပေါ့ တော်တော်ရေးရခက်တာပါ။
အဲဒါကြောင့် လေ့လာလို့ လွယ်တောင် မရှင်းပြတော့ပဲ အနီးစပ်ဆုံးလေးတွေပဲ ရေးပေးတာပါ။
ကျေးဇူးတင်ပါတယ် ။ အားလုံးကိုခင်မင်လေးစားလျှက်...
ပျော်ရွှင်နိုင် ကြပါစေ ရှင်..း) 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ကိုးရီးယား ကင်ချီပြု လုပ်နည်းပါ..

ဒီနည်းကို မုန်ညှင်းဖြူ ၂ထုပ် ကင်ချီလုပ် လို့ နာမည်ပေးထားပါတယ်
လိုတဲ့ ပစ္စည်းတွေက …
(၁) မုန်ညှင်းဖြူ ခပ်ကြီးကြီး ၂ ထုပ်
(၂) ကြက်သွန်မိတ် ၁၀ ပင်
(၃) ဆား ၁၀၀ ဂရမ် ( ၆ ကျပ်သားခန့် ) { အိုင်အိုဒင်းဆား မသုံးပါ }
(၄) ငြုပ်မှုန့် ၄ ဇွန်း
(၅) ကြက်သွန်ဖြူ ၃ ဥ

(၆) သကြား ၂ဇွန်း
(၇) ငံပြာရည် ၁ ဇွန်း
(၈) ဂျင်း ၁ တက်
(၉) ကြက်သွန်နီ ၁ လုံး တို့ဖြစ်ပါတယ်မုန်ညှင်ဖြူများကို ရေစင်အောင်ဆေးပါ ရေတွေကိုခါထုတ်ပြီး အရှည်လိုက် ၄ စိပ်စီ ဖြစ်အောင် စိတ်ပါ ၊ ရိုးတံအမာကို လှီးထုတ်ပါ ၊ ၂ လက်မစီလောက် ခြား ..ခြား ပြီး
ကန့်လန့်လှီးဖြတ်ပါ ၊ လေလုံပြီး သန့်တဲ့ ပလပ်စတစ်အိတ် တစ်လုံးထဲကို
မုန်ညှင်းရွက် တစ်ရစ် ဆားတစ်ရစ်စီ ထည့်ပါ ၊ မုန်ညှင်းရွက်များ
အတွင်းဆားဝင်အောင် မွှေလိုက် ဆုပ်ညှစ်လိုက် ဖိသိပ်လိုက် လုပ်ပါ ၊
ဆားရေးများလက်ကို စိုရွဲလာသည်အထိ လုပ်ပေးပါ ၊ ပြီးရင် အိတ်ကို လေလုံအောင်
ပိတ်ပြီး ၃ နာရီကြာ ထားလိုက်ပါ ၊ ဖွင့်စစ်ပြီး မွှေပေးပါ အိတ်ကို
ပြန်ပိတ်ပါ နောက်ထပ် ၃နာရီ ထပ်ထားပါ ၊ ပေါင်း ၆ နာရီ ထားရပါမယ် ။
အချိန်စေ့ရင် မုန်ညှင်းရွက်တွေကို အိတ်ထဲကထုတ်ပါ ၊ ဆားရေတွေကို ဆက်မသုံးတော့ပါ ၊ ဆားရေတွေ သိပ်ပြီးစိုရွဲနေရင် ညှစ်ထုတ်ပြစ်ပါ ၊ အဖုံး ဖုံးလို့ရတဲ့
ပလပ်စတစ်ဗူးတစ်ခုထဲကို ပြောင်းထည့်ပါ ၊ကြက်သွန်မိတ်ကို သေးသေးလေးတွေ လှီး ၊
ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း ၊ ကြက်သွန်နီကို လေးဒေါင့်
အတုံးသေးသေးလေးတွေ လှီးပါ ၊ ဒါတွေအားလုံးရယ် ငံပြာရည် ၁ ဇွန်းရယ် သကြား ၂
ဇွန်းရယ် ငြုပ်သီးမှုန့်ရယ်ကို ထည့်ပြီး မွှေပါ ၊ ငြုပ်သီးကို အစပ်
နဲ့အရောင် အနေအထားကို ကြည့်ပြီးထည့်ပါ ၊ ဆားနဲ့ သိပ်စဉ်ကလုပ်သလို လက်နဲ့
ဖြစ်ညှစ် ဆုပ်နယ်ပေးပါ ၊ ပါဝင်တဲ့ အရသာ …အရောင် အားလုံး တစည်းတလုံးတည်း
ဖြစ်သွားစေတဲ့ သဘောပါ ၊ ပြီးရင် အဖုံး ဖုံးပြီး အေးမြတဲ့နေရာမှာ ၃-၎
ရက်လောက်ထားလိုက်ပါ ။ အခန်းအပူချိန်မှာပဲ ထားမှာပါ ၊ အဖုံးကို အကြပ်ကြီး
မပိတ်လိုက်ပါနဲ့ ။
စားလို့ ရပြီဆိုရင် ရေခဲသေတ္တာထဲမှာ အဖုံးပိတ်ပြီးထားပါ ၊ အဖုံးဖွင့်ထားရင် ငံပြာရည်ပါတဲ့ အတွက် အနံ့ထွက်ပြီး အနံ့တွေ ကူးကုန်ပါလိမ့်မယ် ၊ စားတဲ့ အချိန်ကလွဲရင်အဖုံးကို ဖုံးထားပါ ။
ကဲ ကိုယ်တိုင်လုပ်စားလို့ ရပြီနော် ……

ကိုရီးယားကားကို ကြိုတ်ကြတဲ့  ဦးဦး ၊ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ မောင်ငယ်၊ ညီမငယ်များ စိတ်ဝင်စားမယ်ထင်ပါ
တယ်။ တချို့ ကလည်း သိကြလိမ့်မယ်လို့  ထင်ပါတယ်.။..း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်မေားစရာ ( ဗေဒင် ) လေးတွေပါ

010ခုနှစ်ရဲ့ ၇ရက်သားသ္မီးဗေဒင်ဖြစ်ပါတယ်
တနင်္ဂနွေသားသမီးများအတွက်ယခုလကံဇာတာ.

စီးပွားရေး။ ပလိုင်းပေါက်နှင့်ဖားကောင်နေသလိုဖြစ်နေမည်.ထိုသို့ မဖြစ်ချင်ပါကဖားမကောက်ခင်ပလိုင်းကိုစစ်ပါ.
သို့ ပေမဲ့ အိမ်မှာနေလျင်ပိုကောင်းမည်.ဖားကောက်သွားပါကကံကောင်းလျင်မြွေကိုက်ခံကတက်သည်။


လူမှု့ ရေး။ ပေါင်းသင်းဆက်စံရေးလူတကာကိုနှုတ်သီးကောင်းရှာပါးမလုပ်ပါနဲ့ .။နှုတ်သီးပြုတ်ခြင်ပါကလုပ်ပါ။
အိမ်ထောင်ရေး။ လင်မယားကွဲကိန်းရှိသည်.အဘယ်ကြောင့်  ဆိုသော်ညဘက်အချစ်လွန်တာများပြီးမိုးလင်ပါကသေချာပေါက်ကွဲမည်တစ်ယောက်ယောက်။

အချစ်ရေး။ကံမဆိုးပါ ။လက်မလည်အောင်ခြစ်ကမည်.အုန်းသီး.သင်္ဘောသီးများကို။
မကောင်းသော်ကံများပြောက်ချင်ပါက။ အိမ်ရှိခြေနှစ်ချောင်းထွက်လျင်ကံကောင်းမည်သင်ခြေထောက်စိုပိုသင့်တော်မည်. ။ဥပမာ-မီးရထားသံလမ်းတွင်ခြေထောက်နှစ်ဖက်တင်ပြီတစ်ရေးအိပ်လိုက်ပါကတက်လမ်းရှိသည်။


တနလာၤသားသမီးမ်ား။

စီးပွားရေး
။သင့်အတွက်ပိုက်ဆံစုရန်မကောင်းသောလဖြစ်သည်အဘယ်ကြောင့်စိုသောယခုလသည်ပျော်ပွဲရွင်ပွများသောလဖြစ်သောကြောင်သင်ကမစားရက်မသောက်ရက်ရေသောက်ဗိုက်မှောက်ပြီးချွေချွေတာတာမသူံးဘဲစုဆောင်းထားသည်လေးများကိုသင်ကမသုံးရက်သော်လည်းသူံးရက်သောသူတစ်ယောက်ကခိုးသုံးသွာပါလိမ့်မည်.

လူမှု
့ရေး။
လူတကာဗိုလ်ကျအနိုင်ယူတာခံနေကမည်.ထိုကြောင့်လူတွေနဲဝေးဝေးနေသင့်ပါသည်. သင်ကိုဗိုလ်ကျလာလျင်လည်းညိမ်ခံမနေပါနဲ့ အရင်လို သူငယ်ချင်းစိုပါကပြန်ထိုးလိုက်ပါ။မိဘစိုပါကအမွေပြတ်သတင်းစာထည်းထည့် လိုက်ပါမိဘအဖြစ်မှစွန်
့လွတ်လိုက်ပြီဖြစ်ကြောင်း.ချစ်သူစိုပါကပါးကိုနာနာလေး၃ချက်လောက်တီးပေးလိုက်ပါ။အားလုံးOKသွားမည်။
အချစ်ရေး။ ကံကောင်းနေမည်Oline ပေါတွင်တစ်ယောက်ထက်ပိုသောအချစ်များနှင်.အပြင်မှာလည်းဝိုင်းဝိုင်းလည်နေပါသဖြစ်ဝိုင်းဝိုင်းလည်နှင့် မြတ်ဆုကဋ္ဌေထီကားနှင်တောင်မှားခံကမည်။
မကောင်းသောကံစိုးများပြောက်ချင်ပါကလမ်းကစေတနာရှိသောလူဆင်းရဲလေးများကို(ပီစာ)၅ချက်ဝယ်ကျွေးပြီး၅၀၀၀တန်၅ရွက်လူတန်းလိုက်ပါကံစိုးကံညံများပြောက်ကင်းသွားမည်။





အင်္ဂါသားသမီးများအတွက်ယခုလကံဇာတာ.။


အင်္ဂါသားသမီးအိမ်ထောင်သည်များလက်ခမောင်ခတ်ပြီးဖိတ်စာကမ်းရကိန်းမြင်သည်။(မသာဖိတ်စာတဲ့ )
-ယောက်ခမကြီးရုတ်တရက်လေလည်ပြီးလေအိမ်ကွဲရာမှလေပေါက်ဖာရန်ဆေးရုံသိုသွားရကိန်းမြင်သောကြောင့်ဖြစ်သည်။

( S.S.C)ဆေး၇ုံကိုတင်ပါ။
လူငယ်များဒီလOnline သိပ်မတက်ပါအနှဲအချိန်ကုန်လူပင်ပန်းဖြစ်မည်။connectionမကောင်သော်ကြောင့်။

အိမ်တွင်းရေးအေးချမ်းချင်ပါက အင်္ဂါနေ့ နက်နဆော်ဆော်နှင်းကျသောအချိန်၅း၃၀
လောက်တွင်ရေခဲရေအေးအေးလေးသောက်ပြီရေခဲတုံးပိုက်ကာရေကန်တစ်ခုတွင်၂း၀၀တိတိရေစိန်နေပါကအ

ရာ အေးချမ်းပြီးတက်လမ်းရှိမှာသေခြာပင်ဖြစ်သည်။





ဗုဒ္ဓဟူး။(သားသမီးနမ်ားအတြက္ယခုလကံဇာတာ)
စီးပွာရေး ။ ဒီရေးအလားတစ်ဟုန်းဟုန်းတိုးတက်နေမည်.(ကံမကောင်းလျင်နာကစ်ပါထပ်ဖြစ်အုံးမည်)။

အိမ်ထောင်ရေး။သင်ဒီလတွင်အထူးကံကောင်းသည်မှာကိုအိမ်ထောင်ဖက်ခရီးဝေးသို့ ရက်ကြာကြာသွားရကိန်းရှိသည်။
သင်အတွက်အေးအေးချမ်းချမ်းနေကမည့် အထူးအခွင့် ရေးပင်လက်လွတ်ဆုံးရှုံးမခံပါနှင့်။

ကျန်မာရေး။ သိပ်ထွေထွေထူးထူးမရှိပါ.နေထိုင်မကောင်းဖြစ်ပါကဆေးရုံတက်ကမည်ဆိုလျင်(SSC)ဆေး၇ှံကပိုကောင်းမည်သင်ေ၇ာ်ဂါအတွက်။
အချစ်ေ၇း။ လူငယ်ယောက်ကျားလေးများကိုကောင်မလေးကိုဆော်ဆော်လို့ မခေါပါနှင့်ဖြစ်နိုင်လျှင်.နာမည်အတိုင်းဓာတ်သက်ပါစိုသလိုသင့်ကောင်မလေးကသင့်ကိုစော်ပြီး တစ်ခြားတစ်ေ၇ာက်နှင့်တွဲသွားပြီးသင်မောင်ကျန်၇စ်၇ာထူး၇သွားမည်။
ယတ၇ာ.။ ။ အရာရာကောင်းသထက်ကောင်းသွားအောင်လို WED နေ့ လယ်၁၂း၀၀တွင်ရဲစခန်းရှေ့ တည့် တည့် တွင်

မတရားမှူတွေရပ်တန်းကရပ်ပါတော့`ဟု အထည်းကလူတွေထွက်ပြီးသင်းကိုသူတို့ ရဲ့ ဘိတ်မန်းလေးအတွင်းသို့ လာေ၇ာက်ခေါဆောင်သည့် အထိအသံကျယ်နိုင်သမျကျယ်ကျယ်လေးအော်ပေးပါ။


ကြာသာပတေးသားသမီးများအတွက်ယခုလကံဇာတာ။

စီးပွာရေး။
ရိုးရိုးသားသားကြိုးစားလုပ်ကိုယ်စားသောက်နေပါကသင်တစ်ယောက်တည်းမဟုပ်ဘဲ သင်မိသားစုပါခွက်ဆွဲကကိန်းမြင်နေသည်။ ကလမ်ကကြစ်လုပ်ကိုင်စားသောက်ပါမှတိုးတက်မည်။



လူမူရေး။ယခုလတွင်သင့်စိတ်ကစက်စက်ထိမခံဖြစ်နေသော်ကြောင်လူအများက၀ိုင်ပြီးဆွန်းကြီးလောင်တာခံကနိုင်သည်။

အပြောအဆိုဆင်ခြေပါမှတော်ကာကျမည်။
အိမ်တွင်သခိုးကပ်မည် ရှိသမျအကုန်ပါသွားနိုင်သည်။ကိုရဲကြင်ရာတော်ကိုတောင်မသွားနိုင်မည်။ညအိပ်ပါကကိုယ်ချစ်ချစ်လေးသေခြာကိုဖက်အိပ်ထာသင့်သည်။
အချစ်ရေး။ အွန်လိုင်းပေါတွင်အချစ်စစ်တွေမြောက်မြားစွာတွေနေကလိုလက်မလည်အောင်ဖြစ်နေမည်။shop မှာချက်တဲ့လူများကတော့လက်မလည်းဖြစ်ပြီးနာရီမကြည့် မိပါကပိုက်ပိုက်လေးတွေကုန်ပြီးရေသောက်ဘိုက်မှောက်နေကမည်။

ယတြာ။ ပိုပြီးတိုးတက်ချင်ပါကတစ်နေတည်းလိုင်းကား၉ပတ်မြိုတစ်ပတ်ပတ်လိုက်ပါသေခြာပေါက်တိုးတက်ကမှာအမှန်ဖြစ်သည်။

ကျန်မာရေးဂရုစိုက်ပါ.၀က်တုတ်ကွေးဖြစ်တက်သည်။




သောကြာသားသမီးများအတွက်ယခုလကံစာတာ။
စီးပွားရေး ။ ရှာသမျပိုက်ဆံကိုဝိုင်းပြီးစာနေတဲ့လူတွေကများနေသည်။ ထိုကြောင်ပိုက်ဆံမရှာဘဲအိပ်နေလိုက်ပါ။



ချဲnamberရမှာထပြီးရှိသမျအကုန်အိပ်သွန်ဖာမှောက်ပုံထိုးလိုက်ပါ။ကံကောင်းလျင်ချမ်းသာပြီးကံမကောင်းလျင်ခွက်ဆွဲရ

မည်။
လူမှူ့ ရေး။ ကောင်းပါသည်သင်Online တက်ပါကလက်မလည်အောင်ချက်ကမည်။မှတ်ချက်။(သင်၇ဲ့ ပုံဆိုးဆိုးကြီးကို

CMမှာမတင်ဘဲကို၇ီးယားပုံလုလုလေးတင်ထားလျင်)။ချက်မည်လူမ၇ှတော့ပါကMIRCသို့ ဝင်ပြီးအကောက်ရှာကချက်ကကိန်းရှိသည်။
ငွေရေး။ net shop မှာချက်သူများကတော့ရှိသမျပိုက်ပိုက်လေးများမှာshop ကိုပေးခဲ့ ရမို့ ၁၀၀%သေချာသည်။

အချစ်ရေး။ ကိုချစ်သူကိုသူအိမ်ကကိုယ်နှင်သဘော်မတူသောကြောင့်အိမ်ပြင်ထွက်ခွင်တားမြစ်ခံရမည်။
ဒါပေမဲယတြာရှိပါတယ်။ သင်ဟာယောက်င်္ကျားလေးဖြစ်ပါကသင်ချစ်သူအိမ်ေ၇ှ့ သို့ ငှက်ပြော်သီးတစ်ဖီးကိုင်ပြီးချစ်သူရဲဖေဖေမေမေကိုလက်ဆောင်အဖြစ်သွားပေးကပါမည်။မှတ်ချက်။ ပေးနည်းမှာငှက်ပျော်ခိုင်ကိုလက်မှကိုင်ပြီး ချစ်ချစ်အိမ်ရှေ့ ရောက်လျင် ဟေငါယောက်ခမနှစ်ယောက်ငါငှက်ပြော်သီးနဲ့ တွေချင်ရင်ခုအပြင်ထွက်ခဲ့ ဟုအသံကိုကျယ်နိုင်သမျကျယ်ကျယ်လေးအိမ်ရှေ့ တည့် တည့် ကနေအော်ခေါပါ.
သင်ချစ်လေးနဲ့ ပြန်နီးစပ်ကမည်။
မိန်းကလေးများကတော့online
အယောက်ကျားလေးများအပြင်မှာချိန်းလျင်လုလုပပပြင်ပြီးသွားတွေမနေပါနှင့်အချိန်ကုန်သည် .ဗေလုဝအကိုနဲ့ တွေရရင်ရင်နာစရာပေမို့ လား ။

စနေနေ့ သားသမီးများအတွက်။

စီးပွားရေး။
စီးပွားရေးရမို့ မရှိကုန်မို့ ပဲရှိသည်။ net shop
မှာချက်သူများကတော့ရှိသမျှပိုက်ပိုက်လာတုံးကအိတ်ဖောင်းပြန်တော့အိတ်ပိန်ပြီးအိမ်ရောက်လျင်ရေသောက်ကာသူငယ်ချင်းစီကပိုက်ပိုက်ကလေးတွေချီးကတော့မည်အကျူလွန်သွားသော်ကြောင့်
လူမှု့ ရေး။ ရှိသမျှအပေါင်းသင်းတွေကကိုယ်စီကပိုက်ဆံချည်းပြီးပြန်မဆပ်သည့် ဘော်ဒါတွေနှင်ပဲကြုံနေကမည်။

အချစ်ရေး။
ရည်းစာတွေအများကြီးထားသောသင့်အတွက်ကံကတော့သင်ရည်စားသုံးရောက်ကသူငယ်ချင်းဖြစ်နေပြီးနောက်ဆုံးမှာတော့သင်တစ်ယောက်တည်းစနေနကားကဆားချက်ပြီးကျန်ရစ်ဘွဲ့ ကိုရမို့ မြင်နေကသည် ။
ယတြာ။ စနေနေ့ မနက်စော်စော်တွင်7နှစ် လွှာတိုက်ပေါသို့ တက်ပြီးစူပါမင်းလာပြီဟေ့ဟုကျယ်ကျယ်လေးအော်ပြီးခုန်ချလိုက်ပါ။

ကံစိုးကံညံများပြောက်ကွယ်သွားမှာသေခြာပင်ဖြစ်သည်။
အားလုံးကို ရီစေချင်လွန်းလို့  မျှဝေလိုက်ပါတယ်..။..း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ပြုံးစရာ လေးတွေပါ

ရောဂါရင့်နေပြီ


ဆရာဝန်၏ရုံးခန်းထဲသို့လူကြီးတစ်ယောက်ဝင်လာပြီးပြောသည်။
“ဒေါက်တာ. .ကျွန်တော် အိပ်မပျော်ဘူး သတိမေ့တာလဲလွန်ရော။ ကူပါဦး ဆရာ”
“အိပ်မပျော်တာက ညဦးပိုင်းမှာပါ ဖြစ်တာလား။ မနက်ပိုင်းအရောက်မှာဖြစ်တာလား”
“ညနဲ့ မနက်ကြားမှာပါ။ ညဥ့်လယ်လောက်မှာ ကျွန်တော် အပေါ့ထသွားတယ်။ အဲ့ဒီနောက်မှာ...ဘယ်လိုအိပ်အိပ်မပျော်တော့ဘူး။ ဟိုလှိမ့်ဒီလှိမ်နဲ့ မိုးစင်စင်လင်းတာပဲ”
“ဘယ်လို သတိမေ့တာလဲ....ပြောပြစမ်းပါ”
“အိမ်သာကနေ အိပ်ယာထဲပြန်လာဖို့ ကျွန်နော်အမြဲတမ်း သတိမေ့နေတယ် ဒေါက်တာရယ်”.






မဆိုင်ရင်ဝင်မစွက်နဲ့
မွေးထားသောမြင်း မကျန်းမာဖြစ်ပြီး လုံးဝမထနိုင်ပဲဖြစ်နေရာ တိ-မွေး-ကု ဆရာဂန်ကို မြင်းပိုင်ရှင်ခေါ်ပြသည်။
စစ်ဆေးကြည်ရှု့ ပြီးနောက် ဆရာဂန်က ပိုင်ရှင်ကိုခေါ်ပြသည်။
“ဆေးသုံးရက်စာ....ကျွန်တော် ပေးခဲ့မယ်။
ပထမရက်ဆေးတိုက်လို့ ဒီကောင်ထမလာဘူးဆိုရင်....ဒုတိယနေ့ဆက်တိုက် ။ ဒုတိယနေ့မှာလဲ ဒီကောင်မထနိုင်သေးဘူးဆိုရင် တတိယနေ့ဆက်တိုက်ပါ။ တတိယနေ့မှာ ဒီကောင်မထလို့ကတော့...မျှော်လင့်ချက်မရှိတော့ဘူး။ သူ့ကိုဂေဒနာ ဆက်ပြီးမခံစားစေနဲ့တော့။ ကျွန်တော်လာပြီး ဒီကောင်ကို ဆေးထိုးသတ်ပေးမယ်”

ဆရာဂန်၏ စကားကို အိမ်ရှင်မွေးထားသော ဂက်ကြားသွားသည်။
ဂက်သည် ပထမနေ့ဆေးတိုက် သည်ကိုလှမ်းကြည့်နေပြီး အိမ်ရှင်ထွက်သွားသည်နှင့် မြင်းအနားကပ်ကာပြောသည်။
“ဟေ့ကောင်.... ထဖို့ကြိုးစား။ နို့မဟုတ်ရင် မင်းကိုသတ်မှာကွ”
မြင်းသည်လဲနေရာမှ မထချေ။
ဒုတိယနေ့ မြင်းကိုဆေးတိုက်သည်။ခဏအကြာတွင် ဂက်ရောက်လာပြန်သည်။
“ဟေ့ကောင်....ထနော်။နို့မဟုတ်ရင်မင်း သေရမှာကွ”
ဒုတိယနေ့တွင်မြင်း နေရာက မရွေ့ ချေ။
တတိယနေ့ ရောက်လာသည် မြင်းကိုပိုင်ရှင်ဆေးထပ်ကြွေးသည်။အချီးနှီးပင်။
မြင်းသည် မထပဲ လုံးဂလဲလျောင်းနေသည်။ ညနေပိုင်းရောက်သောအခါ ဆရာဂန်ကို ပိုင်ရှင် ဖုန်းဆက်ခေါ်သည်။
ဤသည်ကို ကြားသည်နှင့် ဂက်သည် မြင်းဆီပြေးလာသည်။
“ဟေ့ကောင်မြန်မြန်ထ၊ မင်းကို သတ်ဖို့ဆရာဂန်လာတော့မယ်။ မသေချင်ရင် အမြန်ထစမ်း”
မြင်းသည် ဗြုန်းခနဲ့ နေရာမှထလိုက်သည်။ မိနစ်ပိုင်း အတွင်း ဆရာဂန်နှင့်မြင်း ပိုင်ရှင်တို့ရောက်လာကြသည်။
မတ်တတ်ရပ်နေသော မိမိ၏မြင်းကိုအြံ့သတကြီးကြည့်ပြီး မြင်းပိုင်ရှင်အာဒးရဂမ်းသာစွာပြောသည်။
“ ဟာ .... အံ့သြဖို့ကောင်းလိုက်တာ ဒီကောင့်ကိုစွန့်လွှတ်လိုက်ရတော့မယ်ထင်ထားတာ၊ ကြည့်စမ်း အခုတော့အကောင်းပကဓိအတိုင်းပါလား ။အဲဒီအထိမ်းအမှတ်နဲ့ အိမ်က ဂက်ကိုသတ် ပြီးပွဲကလေးတစ်ပွဲ လုပ်ရမယ်ဗျို့ ” တဲ့




ဥဏ်ကြီးရှင် ဖြေဆိုပွဲ


-
Titanic ဇာတ်ကားမှာ ”ဒီကာပရီယို” ကိုဘာလို့ ခေါင်းဆောင် မင်းသားအဖြစ်ရွေးတာလဲဟင်.
- “စတီဗင်ဆီးလ်ဂဲ ကိုရွေးကြည့်ပါလား။ အားလုံးကို သူကယ်လိုက်မှာပေါ့။”
- “မိန်းမတွေဟာ မျောက်နဲတူတယ်လို့ ပြောကြတယ်။အဟုတ်ပဲလား”
-“အဟုတ်ပဲ” မျောက်ဟာ ဒုတိယသစ်ကိုင်းကို မဆွဲမိမချင်း ပထမသစ်ကိုင်းကို လက်ကမလွှတ်ဘူး။နို့မို့ရင်
မျောက်သစ်ကိုင်းလွှတ်ဖြစ်သွားမှာပေါ့”

  • ”လျှို့ ဝှက်ချက် ကိုဘယ်လိုမှမပေါက်ကြားအောင် ထိန်းသိမ်းထားတဲ့မိန်းမဟာ ဘယ်လိုမျိုးမိန်းမလဲ”
  • “သူငယ်ချင်းမရှိတဲ့မိန်းမ”
“အကြံဥာဏ်ပေးရင်လက်မခံချင်ကြဘူး။ပိုက်ဆံကြတော့ယူကြတယ်။ဘာဖြစ်လို့လဲ”
“ပိုက်ဆံ ကို ပိုပြီးတန်ဖိုးထားကြလို့ပေါ့”


”လူပျင်းဆိုတာဘယ်သူလဲဟင်”
“အလုပ်လုပ်ချင်ယောင် မဆောင်တဲ့သူ”

“အဖေထက် အမေလုပ်တဲ့လူက သားသမီးတွေကို ဘာဖြစ်လို့ ပိုချစ်ကြတာလဲဟင်”
“ရှေးဂရိတွေခေါ်ပညာရှင်‘အရစ္စတိုတယ်‘ ရဲ့အဆိုအရ ကိုယ့်ရင်သွေးဖြစ်တယ်ဆိုတာကို အမေကပိုပြီး
စိတ်ချ ယုံကြည်လို့ဆဲ့ဗျာ”

“သင်တန်းပို့ချနေချိန်မှာ ကျောင်းသားတွေက မေးခွန်းမေးရင် ဆရာတွေ အမတန်သဘောကျကြတယ်။ဘာဖြစ်လို့လဲ”
“ပိုချတဲ့ အကြောင်းအရာကို နားမလည်တဲ့ကျောင်းသား တချို့ လဲရှိပါသေးလားဆိုတာ သူသိလိုက်ရလို့”

“၀တဲ့လူတွေဘာကြောင့် ရန်မဖြစ်ချင်ကြတာလဲဟင်”
“ပြေးရတာခက်လို့”

“ ဘယ်ခြေထောက်နဲ့ ညာခြေထောက် ဘယ်လို ခွဲရသလဲ”
“ဘယ်ခြေထောက်မှာ ခြေမ ဟာညာဘက်မှာရှိတယ်”

“ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်စသလဲဟင်”
“မသိဘူး” ဒါပေမယ့် ကြက်ဖကိုတော့ ကျေးဇူးတင်တယ်”

“အမွှာပူး မွေးတဲ့နှုန်း....တိုးလာတယ်လို့ ပြောကြတယ် ထင်မြင်ချက်ပေးစမ်းပါ”
“ချာတိတ်လေးတွေ လူ့ ပြည်ကိုတစ်ယောက်တည်း ၀င်လာရမှာ ကြောက်ကုန်ကြပြီထင်တယ်”

“ကမ္ဘာပေါ်မှာ ငတုံး၊ ငအ တွေမရှိတော့ရင် ဘာဖြစ်မလဲဟင်”
“ခင်ဗျားကို ဆရာတင်တဲ့လူတွေ နည်းသွားမှာပေါ့”

“မိန်းမတစ်ယောက်ကို ချစ်စကားကြိုက်စကား အကြားကြီးပြောသင့်ပါကလား”
“မပြောသင့်ဘူး” ခင်ဗျားကို အပြောသမားသက်သက်လို့ထင်သွားလိမ့်မယ်”

“မိန်းမတစ်ယောက်ဟာ ယောကျာင်္းတစ်ယောက်ကို ဘယ်နှစ်ခါ ၀မ်းသာအောင် လုပ်နိုင်သလဲ”
“လက်ထပ်ဖို့ခေါင်းညိတ်လိုက်တဲ့အခါရယ်၊ ကွာရှင်းဖို့သဘောတူလိုက်တဲ့အခါရယ်....နှစ်ခါတည်းပါ။”

“မှိုတွေဘာလို့ ထီးပုံ ဖြစ်နေတာလဲဟင်”
မိုးတွင်းမှာပေါက်တာကိုးဗျား”

“တောထဲဝင်သွားရင် တိတ်ဆိတ်နေတာပဲ။ဘာဖြစ်လို့လဲ“
“တိရိစ္ဆာန်တွေမှ ဖိနပ် မစီးတာ”

“ကိုယ့်လုပ်အားရဲ့ ရလဒ်ကို ချက်ချင်းမြင်ချင်ရင် ဘာလုပ်ရမလဲ“
“ပန်ကန် ဆေးလိုက်“

“ယောကျာင်္းကောင်းဆိုတာ ဘယ်လိုမျိုးလဲဟင်”
“မိန်းမက ဟောင်တဲ့အခါတိုင်း ‘မြောင်’လို့ ပြန်ထူးတဲ့လူ”

“အပြောနဲ့ အလုပ်ညီအောင် ဘာလုပ်ရမလဲဟင်”
“ဘာမှမလုပ်နဲ ၊ ဘာမှမပြောနဲ့”

“တချို့ မိန်းမတွေ ဘာလို့အိမ်ထောင်စောစောပြုကြတာလဲဟင်”
“ဒုတိယ အိမ်ထောင်ပြုဖို့ နောက်ကျမှာ စိုးလို့”

“ထာဝရတရားအကြောင်း ဟောပြောနေတဲ့အချိန်မှာ ဘာကိုသတိထားရမှာလဲ”
“နာရီကို ခဏခဏ မကြည့်ဖို့”

“လဲနေသူကို မကန်ရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ၇ှင်းပြပါလား”
“သူ ထ တဲ့အထိကို သည်းခံပြီး စောင့်ပါ ဆိုတဲ့အဓိပ္ပာယ်ပေါ့” ဟီးဟီးးးးးးး



မောင်ကောင်းထိုက်( နှီးပဒေါ) ရဲ့ဟာသပဒေသာလေးတွေပါ။ ပျော်စေချင်လို့မျှလိုက်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

FUNNY SHOPPING BAGS DESIGN










































  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

အနောက်သို့ 