RSS

ဆယ်ကျော်သက် ၀က်ခြံပြဿနာ

အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ.
ဝက်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ
ပေါက်တယ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ်.အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက် အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန်. များ စားခြင်း

ဝက်ခြံ ပေါက်သော သူများအနေနဲ. အသား စား တာထက် အသီးအရွက် များ ကို
အလေးပေးစားသင်.ပါတယ်။ တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး
အရည်ရွမ်းသော အသီး များများ စားပေးရပါမယ်။ အသင်.စား သစ်သီးဖျော်ရည် ဗူး
များ ကို ရှောင်ပါ။ 

တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော.ပါးလာမှာပါ။

ဝက်ခြံထွက်လာရင် လဲ မမှည်.ခင်လက်နဲ.လျှောက်ဆိတ်တာ တို. ညှစ်တာတို. မလုပ်ရပါဘူး။ ၀က်ခြံ
တခု ဆိုတာ အသားထဲမှာ အမြစ်တွယ်နေတဲ. အဖြူရောင် အမြစ် (gland) ကလေး
ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ.ညှစ်ထုတ်ဖို. အင်မတန်မှ
ခက်ခဲပြီး နာကျင်လှပါတယ်။ ပိုးသက်ထားတဲ. ဓါး အသေးလေးနဲ. ခွဲပြီး အမြစ်
မထုတ် နိုင်ရုံမှတပါး မညှစ်သင်.ပါ။

အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ် က ထဲ မှာ ပုပ် ပြီး ၀က်ခြံ အထက်မှ အေ၇ပြား တွေရောင် ပြီးတော်ရုံနဲ. မမှည်.တော.ပါဘူး။ နောက်ဆုံးပြည်တည်ပြီး မှည်.လာလို.ညှစ်ပြီးသွားရင် အချိုင်.အခွက်အနာရွက် ကျန်ခဲ.ပြီး အင်မတန်မှအကျည်းတန်စေပါတယ်။ 

အမာရွက်ပျောက်ဆေးတွေရှိပေမယ်. မထိရောက် နိုင်ပါဘူး။
ဒါကြောင်. ၀က်ခြံပေါက်တဲ. အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ. ကုသနိုင်တဲ. နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လိမ္မော်သီး အခွံလိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင်. ၀က်ခြံ ပေါ်လိမ်းပါ။

၂။ ကြက်သွန်ဖြူကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ.အပြင် ကြက်သွန်ဖြူ ကို တရက် ၃ဥလောက် ၁လလောက် မှန်မှန်စားကြည်.ပါ။

၃။ နံနံပင် ၊ နနွင်းနံနံပင် ထောင်းလို.ရတဲ. အရည် လက်ဖက်ရည် တဇွန်းနဲ. နနွင်းအနည်းငယ်ရောပြီးတော.လဲ ၀က်ြံခံပေါ် လူးနိုင်ပါတယ်။

၎။ သခွားသီးဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက် ကြာအောင်နေ.စဉ် ပွတ်ပေးပါ။
....................................................................................................
ကျေးဇူးတင်ပါတယ်ရှင်..)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Window Phone


-------------------------------------------------------------Ö^^Ö-----------------------------------------------------------------

အခုမှ စပြီးရောက်တဲ့ နိုင်ငံတစ်နိုင်ငံ (သို့) မြို့တစ်ခုရဲ့ ရာသီဥတုအခြေအနေကို သင်ချက်ချင်းသိဖို့ဆိုတာ မလွယ်တာအမှန်ပါဘဲ။ ဒါပေမဲ့
လုံးဝ မမှားယွင်းတဲ့ မိုးလေဝသထုတ်ပြန်ချက်ကို တော့ ဒီဖုန်းမှာ
အချက်ပြနေမှာပါ။ နှစ်ရက်စာအတွက်ကို ကြိုပြီး ရာသီဥတုနှင့်ပါတ်သက်ပြီး
ထုတ်ပြန်ကျေငြာမှုကို အမှားမရှိ အချက်ပြနိုင်ပါသေးတယ်။ ဒီအပြင် အပြင်မှာ
ရှိနေတဲ့ရာသီဥတုဖြစ်ပေါ်မှုတွေကိုလည်း ဝင်းဒိုးဖုန်းရဲ့ ဖန်သားပြင်ပေါ်မှာလည်း ပေါ်လွင်နေမှာဖြစ်ပါတယ်။

အပြင်မှာ နေပူပြီး ရာသီဥတု ကြည်လင်နေရင်တော့ ဖုန်းမျက်နှာပြင်မှာ ဒီလို လေးကြည်လင်နေလိမ့်မယ်

အပြင်မှာ မိုးရွာနေမယ်ဆိုရင်တော့ ဖုန်းရဲ့မျက်နှာပြင်မှာ ဒီလိုပုံလေးဖြစ်နေမယ်
အပြင်မှာနှင်းကျနေမယ်ဆိုရင်တော့ ဒီလို့ပုံလေး ပြောင်းသွားတယ်
မက်ဆေ့ရှ် ပို့တော့မယ်ဆိုဒါမျိုးဖြစ်မယ်


ဖုန်းအဝင်ဘဲဖြစ်ဖြစ် အထွက်ဘဲဖြစ်ဖြစ် အချိန်မျိုးမှာ ဆိုရင်တော့
ဒီလိုပုံပေါ်မယ်

လေနဲ့မှုတ်လိုက်ရင်တော့ လက်နဲ့ရေးမှတ်လို့ရတဲ့နည်းလမ်းကို တွေ့ရပါလိမ့်မယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ထူးထူးဆန်းဆန်း လူသား........(အံ့သြစရာပါပဲ)




အားလုံးပဲ မင်္ဂလာပါ လို့ နငတ်ဆတ်ပါတယ်နော် အားလုံး လန့်သွားရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ
ဒါကတော့ သဘာဝအရဖြစ်နေတာပါ
တစ်ခါတစ်လေကျွှန်တော်အရမ်း မခံစား နိုင်လို့ ကုရသေးတယ်

ကျွှန်တော့်ဇနီးနဲ့ မိတ်ဆတ်ပေးပါရစေ ပရိတ်သတ်ကြီးရေ
ချောတယ်မလား

ကျွှန်တော် တို့ စုံတွဲလိုက်တယ် မလား
ကျွှန်တော့် ဇနီးချောနဲ့ ကမ်းခြေမှာလေနေစာလှုံနေတာ

ကျွှန်တော့်ဒီဇိုင်းလေမလန်းဘူးလား
ကဲအားလုံးကျွှန်တော့် ပုံလေးမြင်လိုက်ရတော့ လန့်သွားမယ်ထင်တယ်
အားလုံးတောင်းပန်ပါတယ်နော်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ပြုံးစရာ လေးတွေပါ

ကြည်စားတာနော်...ဟိဟိ..
တားတားကအလေးဂျ..ဆော့ချင်ရင်လာခဲ့နော်..
မော်တောပီကယ်..ဖမ်းမှာမကြောက်ဘူးထင်တယ်ဗျ....
လမ်းထင်နေတာ..
 
ကီးဘုတ်မ၇ှိရင်သွားခိုးပေါ့..
 
ဘယ်အပေါက်ကမီးခိုးထွက်လဲကြည့်ပေးနော်...
 
ပန်းအားကောင်းတယ်နော်..
 
ချစ်စရာလေးနော်..
 
နက်တိုင်လေးလှတယ်နော်...
 
ကလေးတွေခေါ်ပြီး...shopping သွားလိုက်ဦးမယ်..
 
အိပ်နေတာဇိမ်ကိုမ၇ှိဘူး...နေကပူသေး..
ဟဲဟဲကြောက်ပါနဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

တိုင်းမ်မဂ္ဂဇင်းက ယခုနှစ်အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် Facebook တည်ထောင်သူအား ရွေးချယ်

b33824
b33825တိုင်းမ်မဂ္ဂဇင်းက လူမှုဆက်ဆံရေး ကွန်ရက် ၀က်ဘ်ဆိုက် Facebook ကို တည်ထောင်သူ မာ့ခ်ဇူကာဘက် အား ယခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ် Person of the Year အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရွေးချယ်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း စာဖတ်ပရိ သတ်များက ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်အား ဂုဏ်ပြုသည့် အနေဖြင့် ရွေးချယ်ရန် တောင်းဆိုခဲ့မှုအား မဂ္ဂဇင်းက ဥပေက္ခာပြုကာ ဇူကာဘတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်သာ ရှိသေးသော ဇူကာဘက်သည် တိုင်းမ်မဂ္ဂဇင်း၏ အထင်အရှားဆုံး ပုဂ္ဂိုလ်အဖြစ် မျက်နှာဖုံးတွင် ဖော်ပြခံရသူများအနက် ဒုတိယ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ၁၉၂၇ ခုနှစ်က အမေရိကန် လေယာဉ်မှူး ချားလင်းဘတ်သည် တိုင်းမ်မဂ္ဂဇင်း၏ ပထမဆုံးသော အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အသက် ၂၅ နှစ်အဖြစ် အငယ်ဆုံး ထင်ရှားသူ ဖြစ်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းသည် အထင်ရှားဆုံး ပုဂ္ဂိုလ်ကို နှစ်စဉ်ရွေးချယ်ပြီး မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြသည်။

ဇူကာဘတ်၏ လူမှုဆက်ဆံရေး ကွန်ရက် ၀န်ဆောင်မှုသည် ''နေ့စဉ် နေထိုင်မှုဘ၀ကို ပြောင်းလဲသွားစေခဲ့ကြောင်း'' တိုင်းမ်မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ ရစ်ချက်စတင်ဂယ်က ပြောကြားခဲ့သည်။
အမေရိကန်သက်တမ်းလယ် ရွေးကောက်ပွဲများတွင် ကြီးမားသည့် အပြောင်းအလဲကို ဖြစ်စေခဲ့သော ရှေးရိုးစွဲ Tea Party လှုပ်ရှားမှုက တိုင်းမ်မဂ္ဂဇင်း၏ ဒုတိယအထင်ရှားဆုံး စာရင်း ၀င်ခဲ့သည်။ ၀ီကီလိခ်တည်ထောင်သူ အဆန်ဂ်မှာ တတိယနေရာ ရရှိခဲ့သည်။ Facebook က လူသန်း ၅၀၀ ကျော် အချင်းချင်း ဆက်နွယ်ဖို့အတွက်၊ သူတို့ကြားက လူမှုဆက်ဆံရေးတွေ ပုံဖော်ဖို့ အတွက်၊ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ စနစ်သစ်တစ်ခု ဖန်တီးခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ မှာ နေထိုင်မှု ပုံသဏ္ဌာန်တွေကို ပြောင်းလဲသွားစေခဲ့ပြီး ဒီနည်းလမ်းတွေက စိတ်ကူးတီထွင်မှု ဆန်းသစ်ပြီး အကောင်းတွေ ဖြစ်လာပါတယ်''ဟု တိုင်းမ်မဂ္ဂဇင်းက ကြေညာချက်တွေ ဖော်ပြခဲ့သည်။ ဟားဗက်မှ ကျောင်းထွက်ထားခဲ့ရသော ဇူကာဘက်သည် ''တီရှပ်ဝတ်ထားသော နိုင်ငံခေါင်းဆောင်'' ဖြစ်ကြောင်း စတင်ဂယ်က ပြောကြားခဲ့သည်။ အဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် မြေအောက်တွင် ပိတ်မိခဲ့ပြီး အသက်ရှင် လွတ်မြောက်လာခဲ့သော ချီလီသတ္တုတွင်း လုပ်သားများသည် တိုင်းမ်မဂ္ဂဇင်း၏ နောက်ဆုံး ဆန်ခါတင်စာရင်း ၀င်ခဲ့သည်။

ဇူကာဘက်သည် ကမ္ဘာ့အသက် အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ ဖြစ်သည်။ ဇူကာဘက်နှင့် facebook ကို ပူးတွဲတည်ထောင်သူ ဒက်စတင် မိုစကိုဗစ် တို့သည် ပိုင်ဆိုင်မှု၏ ထက်ဝက်ကျော်ကို ကုသိုလ်ပြု လုပ်ငန်းများအတွက် လှူဒါန်းသွားရန် ကတိပြုထားကြသည်။ ဇူကာဘက်သည် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံခန့် ချမ်းသာပြီး ယခုနှစ် ဖို့ဘ်မဂ္ဂဇင်း၏ အမေရိကန် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အဆင့် ၃၅ ရရှိထားသူ ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်စရာ အပိုင်းအစ များ

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊
စိတ်ညစ်စရာတွေက များလွန်းလို့ တညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း
အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။


"ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊
ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့
ကူညီမယ့်သူတောင်မရှိဘူး "

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်



"ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း
ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ" တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။ ဒေါ်လာ ၁ သန်း လိုချင်တယ်
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။



(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်

ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့

အမြန်လမ်းတစ်ခုလိုချင်တယ်။
ဘုရားသခင်ကပြန်ပြောတယ်။
- "ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့
တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ
အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ"



ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ " အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ"
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ
ရန်မဖြစ်ရအောင်.....

" အို ဘုရားသခင်၊ ကျွန်တော်မှာ
မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊

ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု
လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊
မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင်
ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို


နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ
သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်"
ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက်

တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

" ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ "

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ဟာသလေးနဲ့ စလိုက်ရအောင်

ငရဲပြည်မှာ လူနှစ်ယောက်ဆုံကြပြီး မိတ်ဆက်ရင်းပြောဆိုကြတဲ့အကြောင်

း လေးပါ
'' သယ်ရင်း မင်းရောက်တာကြာပြီလားးးး''
''မကြာသေးဘူး.....မင်းရောဘယ်တုန်းကရောက်လာလဲ''
''ငါလဲ ရောက်တာမကြာသေးပါဘူးးးးး''..... '' ဒါနဲ့ မင်းက ဘာရောဂါနဲ့ ဒီကိုရောက်လာတာလဲ''
''အအေးမိပြီး သေလို့ ဒီကိုရောက်လာတာ''
''အော်.....အအေးမိတာလားးးးးး'' ....... ''မင်းကရော ဘာရောဂါနဲ့လဲ''
''အင်းးးးးးငါက အံ့သြပြီးသေခဲ့ရတာ''
''ဘာာာာာ.....အံ့သြပြီးသေခဲ့ရတယ်''......''ရှင်းပြပါဦးးးးးး''
''အင်းးးးးး.....တနေ့ငါအပြင်ကပြန်လာတော့.....အိမ်ထဲမှာ ငါ့မိန်းမက လူစိမ်းတယောက်နဲ့
ရယ်မောပြောဆိုနေတဲ့အသံကို ကြားရတယ်....တခါးဖွင့်ခိုင်းတာလဲ မဖွင့်မေးဘူးးးးးးး''
''အင်းးးးးးဆက်ပြောပါဦးးးးးစိတ်ဝင်စားလာပြီ.....''
''ဒါနဲ့ ငါလဲ တခါးကိုရိုက်ဖျက်ပြီး အိမ်ထဲဝင် လိုက်တယ်...အိမ်ထဲမှာလိုက်ရှာတော့လဲမတွေဘူး''
''မိန်းမကိုလဲမေးတယ်...ငါအသံကြားတယ်...ဘူလဲ မေးပေမဲ့ ဘာမှပြန်မပြောဘဲ ရယ်နေတယ်''
''အိပ်ခန်းထဲ လိုက်ရှာလဲမတွေ့ဘူးးးးး ငါလုံးဝမကြေနပ်ဘူးးးးအသံသေသေချာချာ ကြားရဲ့သားနဲ့
ရှာမတွေ့တော့....ငါ့မိန်းမကို ထပ်မေးတယ်....ဟေ့...ငါစကားပြောသံသေသေချာချာကြားတယ်
ဘယ်ကကောင်လဲ...မေးအပြီးမှာ....မိန်းမကဘာမှပြန်မပြောတော့...အံ့သြပြီးသေခဲ့ရတာပါ'' လို့
သူအံ့သြပြီးသေခဲ့ရပုံကိုပြောပြတယ်.. အဲဒီမှာ...အအေးမိပြီးသေခဲ့တဲ့သူက အလျင်စလိုထပြီးပြောတယ်......
'' မင်းကွာ..ရေခဲသေတ္တာထဲဘဲဖွင့်ကြည့်လိုက်ပါတော့...အဲ့ဒါဆို မင်းလဲ အံ့သြပြီးမသေရတော့ဘူးးးးးး
ငါလဲ အအေးမိပြီး မသေရတော့ဘူးးးးးး'' တဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်ရွင်ဖွယ်ရာ ဟာသလေးတွေပါ..

1.ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို
ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းေ

ဖဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော
ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))

2.သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့် ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`တဲ့။´´

3.အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
"ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…"
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
"သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။"

4.ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
"သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော်
ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။"

5.အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ
ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"

6.ရွှာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။
ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊
မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို
မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက
အမြင်ကပ်သတဲ့။
သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို
လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ - ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက
မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ -
သား ။ ။ - ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ -
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင်
အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့
မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို
မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို
လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ...
မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး -

7.တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက -
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော
့ သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

8.သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ
ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့်
အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင်
ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက
ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

9.အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"


10.~ သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့
သာသုံးပေတော့
အချစ်လေး
မင်းရဲ့
ကိုကို
~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်။လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့သုံးဖို.
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး

11-လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

12---မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

13---------- စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်.."


14------သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

15----စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

16---စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်စရာ ဟာသလေးတွေပါ..

သူ့အတွေး

ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့
ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး
စစ်ပါလေရောတဲ့ ....
ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် ..
အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး
... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့်ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ
.. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....


လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု
ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့်
လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။
ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ”
တဲ့။
:)


သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ်
အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို
ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက
ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို
ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက
ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့
မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´
စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´


ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို
အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို.
အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး ...
အချိုတည်းကြရအောင် ... " တဲ့ ...


ယူမိသည့်တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်
ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...


အားလုံးပျော်ရွှင်ဖို့ ရည်ရွယ်ပါတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Where Do You Go

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ကဗျာ လေး တပုဒ်


ငါဘဝ...........ငါမာနနဲ့...
ငါအသားကျနေပြီသားပါ..
ငါဦးနှောက်......ငါနှလုံးသား..
မင်းဆီမှာ........ကျရှုံးပြီးသားပါ..
သေဆုံးပြီး......သူတိုင်းသုဿန်မှာ..
အရိုးဆွေးတယ်ဆိုတဲ့...................
သမရိုးကျ........အတွေးမျိုး..........
ငါမတွေးရိုးမှန်ပါ.................
တကယ်လို့သာ.....တန်ခိုးရှိမယ်ဆိုရင်....
တန်ဖိုးရှိတဲ့..........ဆုတောင်းမျိုးတော့....
ငါခိုးပြီးပြုဖူးတယ်........
သခင်မင်းနား.......အခစားကာ...
ထံပါးတော်နား.......ခတွားမပျက်......
ရက်ဆက်နေ့စဉ်......ရှိနေချင်ပါတယ်
အရာရာကို......စွန့်လွှတ်နှိင်တယ်.....(မင်းကလွဲရင်)
အရာရာကို......မေ့ပစ်နှိင်တယ်........(မင်းကလွဲရင်)
အရာရာကို......ဂရုမစိုက်ချင်ဘူး.......(မင်းကလွဲရင်)
ဒါပေမဲ့............
မင်းရဲ့ဘက်မှာတော့..........
ဂရုစိုက်ချင်းကင်းတဲ့..........
သံသယအလင်းရောင်လေးကို..........
ငါလှမ်းမြင်လိုက်ရချိန်...........
ငါရင်းထားတဲ့အချစ်တစ်ခုဟာ......
အလိုလိုပျက်ယွင်းနိုင်ပါ့မလားလို့.........
ငါ့ဆီမှာ ဒွိဟနဲ့တွေသင်းလာတယ်.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Gtalk Box-လှလှလေးများ

ဒီ Gtalk box-လေးတွေက ကိုယ်ပိုင်ကွန်ပျူတာနဲ့ အင်တာနက်ချိပ် သုံးသူများအတွက် ပိုအဆင်ပြေမလားပဲ။ စုထားတဲ့ Gtalk-Box- သုံးမျိုးပါ။ အလိုရှိသူများ အောက်နား Attachment-ကနေ ယူနိုင်ပါတယ်မိမိစက်မှာ Gtalk Installation-တင်ထားပြီးသားဆိုရင် ဒီ Gtalk box-လေးတွေကို တခါတည်း ဖွင့်ပြီး အသုံးပြုရုံပါပဲ။  ပေါ်လာမည့်ပုံလေးတွေကတော့ ဒီအောက်ကလိုမျိုးလေးတွေပါ..။










Attachment: google talk blue.exe
Attachment: google talk green.exe
Attachment: Google talk pink.exe

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီနည်းပညာလေးကိုတော့ သားသားလေး ဆိုက်က ကူးယူဖော်ပြထားတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

သီချင်း များကို Download လုပ်ရန် သီချင်းပေါ်ကလစ်၍ Save လုပ်ပါ

2009 ထွက် သီချင်းများမှ အကောင်းဆုံးသီချင်းများ

D ဖြိုး ဒီကောင်မလေးအတွက်.mp3 - D ဖြိုး အိပ်မက်နိဂုံး .mp3 - D ဖြိုး နှမျှောတယ်.mp3 - ဆည်းဆာအလှခွေသစ်မှ ဇော်ပိုင်၏ သီချင်း ပြည့်စုံလွန်း.mp3 - ဆည်းဆာအလှ ခွေသစ်မှ ချမ်းချမ်းသီဆိုထားသော " ညှို့နိုင်လွန်းတဲ့ ကျမချစ်သူ.mp3 - ဧသင်ချိုဆွေ ရှုပ်ထွေးခြင်း.mp3 - ဧသင်ချိုဆွေ မင်းသမီး.mp3 - ဧသင်ချိုဆွေ လမ်းမခွဲကြေး .mp3 - ဧသင်ချိုဆွေ လေပြေ.mp3 - ဧသင်ချိုဆွေ ရပ်.mp3 - ဧသင်ချိုဆွေ အပြုံးလေး .mp3 - ဧသင်ချိုဆွေ ပြိုလဲကြေကွဲ .mp3
ဝိုင်ဝိုင်း၏သီချင်းကောင်းများ
. - Fool again .WESTLIFE.mp3 - If I let you go WESTLIFE.mp3 - No matter what WESTLIFE.mp3 - Flying without wing WESTLIFE..mp3 - I have a dream WESTLIFE.mp3 - Sware it again WESTLIFE.mp3 - I lay my like on you WESTLIFE.mp3 - Season in the sun.mp3 WESTLIFE - Big big world.mp3 - Nothings gonna change my love for you.mp3 - Truely , madly and deeply.mp3 - Right here waiting.mp3 - Unbreak my heart.mp3 - The power of love.mp3
ယနေ့အတွက်ကိုမျိုး၏ အထူးလက်ဆောင်သီချင်း . MP 3 - I M B နေချင်တယ်မင်းအနား .mp3 - I M B သနပ်ခါး .mp3 - I M B မျက်နှာ .mp3 - သိမ်းထားခွင့် N ကိုင်ရာ .mp3 - . အရင်ကဇတ်လမ်း ဟန်ထွန်း .mp3 - ရင်ခုန်ဘက်သို့တမ်းချင်း ဟန်ထွန်း.MP3 - အပြစ်မမြင်ပါဘူး ဝိုင်းစုခိုင်သိန်း.mp3 - မျောလွင့်နေတဲ့တိမ် ကောင်းမြတ်လေး .mp3 - လင်းနစ် ဒီဇင်ဘာည .mp3 - လမ်းဆုံ ဇော်ပိုင် .mp3 - L ဆိုင်းဇီ သွားစို့ အဝေး.mp3 - L ဆိုင်းဇီ မလွမ်းရဲသေးဘူး .mp3 - L ဆိုင်းဇီ ဟိုတုန်းကလို .mp3 - L ဆိုင်းဇီ အချစ်အတွက်ကံမကောင်ခဲ့သူ .mp3 - L ဆိုင်းဇီ မပြောင်းလဲတတ်တဲ့ ငါ့ရင်ထဲ .mp3 - မိန်းကလေးအချစ် .mp3 - မိန်းကလေးအချစ် .mp3 - ခင်ဘုဏ်း မင်းအချစ်သာစစ်ပါစေ .mp3 -လိပ်စာပေးပါ အိုဇုန်းအဖွဲ့ .mp3 - ဝေးဦးမှာလား အာဇာနည်+L ဆိုင်းဇီ .mp3 - နတ်သမီးလေး ဂရေဟမ် .mp3 - ပြန်လိုချင်တယ် L လွန်းဝါ.mp3 - အချစ်နဲ့ဘဝ - အယ်လ်နောင်း.mp3 - အင်းယားသို့ .mp3 - အဖြူရောင်သံစဉ်.mp3 - နေချင်တယ်မင်းအနား.mp3 - ခင်ဘုဏ်း မိုးပြေး .mp3 - ကာရံမလှတဲ့အတွေး Remix သူသူ .mp3 - ဘဝရဲ့တံခါး Remix ချစ်ကောင်း.mp3 -ဖြူဖြူကျော်သိန်း အနီးဆုံးလားအဝေဆုံးလား အင်္ဂလိပ်.mp3 - Numa numa Remix အင်္ဂလိပ်.mp3 - Titanic remix အဂ်လိပ်.mp3 - Home again အင်္ဂလိပ်သီချင်း .mp3 - ဆောင်းဦးရွက်ကြွေ ဇတ်ဝင်သီချင်း .mp3 - လွမ်းမပြေ ဇတ်ဝင်သီချင်း .mp3 - ချစ်စံအိမ် ဇတ်ဝင်သီချင်း MP3
ယခု သီချင်းများအပြင် ထပ်မံပြီ သီချင်းကောင်း အပုဒ် 200 တစ်ကြီမ်တည်း Upload လုပ်နေပါသည် ။
ရဲလေးနောက်ဆုံးထွက် တတိယ ကာရံ အခွေမှ သီချင်းများ
13.မနှုတ်ဆင်ချင်ဘူးRemix.mp3 - 12.တစ်ယောက်တစ်မျိုး.mp3 - 11.နတ်သမီး.mp3 - 10.မင်းနဲ့ပျော်ချင်လို့.mp3 - 9.ရိုးမြေည.mp3 - 8.မဟုတ်ရပါဘူး.mp3 - 7.ကောင်ကလေးကကောင်မလေးကို.mp3 - 6. မနှုတ်ဆက်ချင်ဘူး.mp3 - 5. ဝမ်းတူးဝမ်းတူး.mp3 - 4.တို့နှစ်ယောက်အကြောင်း.mp3 - 3.ဘာစားမလဲအကို.mp3 - 2.ကိုယ့်ရဲ့ကွက်လပ်.mp3 - 1.ငါဘာမှမသိ.mp3
ဆက်လက်ပြီး အခွေသစ် များထဲမှ အကောင်းဆုံးနှင့် လူကြိုက်အများဆုံး သီချင်းများကို နေ့စဉ် တင်ပေး သွားမှာပါ သီချင်းများ ယူရာတွင် အလွယ်ကူဆုံး နှင့် အမြန်ဆုံး ရရှိနိုင်ရန် စီစဉ်းထားသောကြောင့် အားလုံး စိတ်ကျေနပ်မယ်လို့ ထင်ပါတယ် ခင်ဗျာ တစ်ခြားသီးချင်းများ လိုအပ်ပါက ရှေ့ ပင်မစာမျက်နှာရှိ email လိပ်စာမှ တဆင့် တောင်းယူနိုင်ပြီး အမြန်ဆုံး နေ့ဆွဲတပ်၍ တင်ထားပေးပါမည်။
အာဇာနည်၏သီချင်းကောင်းများ
ရင်ခွင်သစ် အာဇာနည် .mp3 - ရွှေလည်တိုင် အာဇာနည် .mp3 - စည်းတစ်ဘက်ခြား အာဇာနည် .mp3 - မင်းနဲ့ နီးချင်ပြီ အာဇာနည် .mp3 - ကြေပါစေ အာဇာနည် .mp3 - ခွင့်ပြုတယ်ခွင့်လွှတ်တယ် အာဇာနည် .mp3 - ကိုယ့်အနားရှိစေချင် အာဇာနည်.mp3 - ဂန္ဒဝင်ဆည်းဆာ အာဇာနည် .mp3
မျိုးကြီး ၏အကောင်းဆုံးသီချင်းများစုစည်းမှု့
ဆန့်ကျင်ဘက် မျိုးကြီး .mp3 - နေရောင်အောက်က မျိုးကြီး .mp3 - ပြေးလို့ကြိုပါ မျိုးကြီး .mp3 - နေခဲ့တော့ မျိုးကြီး .mp3 - နေ့သစ်တွေရှိမယ် မျိုးကြီး .mp3 - မင်းသိဖို့ကောင်းတယ် မျိုးကြီး .mp3 - မလာပါနဲ့ မျိုးကြီး .MP3 - ပြောမရဘူး မျိုးကြီး.mp3 - လေပြေ မျိုးကြီး .mp3 - ကတ္တီပါလမ်းခွဲ မျိုးကြီး .MP3 - အပြစ်တစ်ခုဖန်ဆင်း မျိုးကြီး.mp3 - ပြန်လာချိန်လေး မျိုးကြီး.MP3
ယနေ့ ထပ်မံ ပြီးUpload လုပ်ပေးထားသော သီချင်းများ
ဘယ်သူမှ အာဇာနည်+စည်သူလွင်.mp3 - နားလည်ပါ Big bag.mp3 - မင်းအကြောင်းအိမ်မက် L လွန်းဝါ+စည်သူလွင်.mp3 - အတူတူဆိုရင် ထွဏ်းထွဏ်း+လေးလေးဝါး.mp3 - တို့ချစ်တဲ့ကမ္ဘာ အဖွဲ့ .mp3 - ထာဝရဖြစ်စေ Lဆိုင်းဇီနှင့် အဖွဲ့.mp3 - ရတုအဆက်ဆက် ဆူဇီ.mp3 - စိတ်ညစ်မှာဆိုး L လွန်းဝါ+ဆူဇီ .mp3 -My love.mp3

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ဧရာမ ကိုရီးယားအစားအစာ bibimbap

ဧရာမ ကိုရီးယားအစားအစာ bibimbap




Bibimbap ဆိုတာ ကိုရီးယားအစားအစာတစ်မျိုးဖြစ်ပါတယ် ။ တချို့ကတော့ Mixed rice
လို့လည်းခေါ်ကြပါတယ် ။ စားဖိုမှူးတွေက ဒီ bibimbap ပေါ်မှာ အချဉ်ရေ
ဆမ်းနေပုံပဲဖြစ်ပါတယ် ။ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က
တရုတ်ပြည်အရှေ့မြောက် Jilin စီရင်စုမှ Chuangchun မှာရှိတဲ့ Wanda ပလာဇာမှာ
ဒီကျောက်နဲ့ပြုလုပ်ထားတဲ့အိုးကြီးထဲမှာ ဆန်တွေထည့်ပြီး
ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ် ။ ကိုရီးယားလူမျိုးတွေဟာ ဆန်တွေနဲ့
သစ်သီသစ်ရွက်တွေ နောက်ပြီး အသားတွေကို ပူကျက်နေတဲ့ ကျောက်တုံးအိုးတွေထဲမှာ
ထည့်ပြီးချက်ပြုတ်စားသောက်လေ့ရှိကြပါတယ် ။ ဒီလို ဧရာမ bibimbap
ကိုပြုလုပ်ဖို့အတွက် တစ်ရက်နီးပါးကြာခဲ့ပြီး diameter ကတော့ ၂ မီတာအထိ
ကျယ်ပြီးဆန် ၁၅၀ ကီလိုဂရမ်နဲ့ အရွက် ၅၀ ကီလိုဂရမ်အသုံးပြုခဲ့ရပါတယ် ။








သက်တန့် ချို ဘလော့မှ ကူးယူဖော်ပြပါတယ်..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ထူးဆန်းသေား သစ်သီး

ထူးဆန်းသော သစ်သီးများ







ဒီဒူးရင်းသီးလေးက အထဲမှာ ဒူးရင်းသီးး အသေးလေးတစ်လုံး ထပ်ပါပါတယ် ။ မျိုး ဗီဇပြုပြင်ထားခြင်း မဟုတ်ပဲ အလိုအလျှောက်ပါဝင်နေခြင်း ဖြစ်ပါတယ် ။





ဒါကတော့ အနီရောင် ဒူးရင်းသီးတွေပါ ။ အပြင်ခွံက အ၀ါရောင်ဖြစ် ဖြစ်ပြီး အထဲက အသားအမွှာတွေကတော့ အနီရောင်ဖြစ်နေခြင်းဖြစ်ပါတယ် ။


ပန်းရောင် ငှက်ပျောသီး ဖြစ်ပါတယ် ။ ပုံစံကတော့ပုပု လုံးလုံးဖြစ်ပြီး တောနက်တွေထဲမှာ တွေ့ရလေ့ရှိပါတယ် ။ စားသောက်ဖို့အတွက် အန္တရာယ် ရှိမရှိကိုတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ် ။
သက်တန့် ချိုမှ ကူးယူဖော်ပြလိုက်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

အနောက်သို့ 