RSS

★`•❤★`•❤..ပန်းကလေးအကြောင်း..★`•❤★`•❤


ကျွန်မ ပန်းကလေးလို မလှချင်ပါဘူး
ပန်းကလေးက လှလို့ သူတို့ တန်ဖိုးထားကြမှာက
မနွမ်းကြွေတုန်း ခဏပါ...

ခြောက်သွေ့ နွမ်းရင် ကောက်ပွေ့ နမ်းကြတော့မှာ
မဟုတ်ဘူးလေ......
ဒါကြောင့် ကျွန်မ ပန်းကလေး နဲ့ မတူချင်ပါဘူး...

ဒါပေမယ့်လေ....

ကျွန်မ ပန်းခရေလေးပွင့်လေးလိုတော့လှချင်တယ်
သူရဲ့ဖွင့်ဖတ်၊ သူရဲ့ ရနံ အို..ကျွန်မနှစ်သတ်တယ်။
ပန်းခရေးလေးဆို ခြောက်သွေ့ နွမ်းလဲ.....
ကောက့်ပွေ့ နမ်းကြဦးမှာပါ.....


ပန်းနှင်းဆီပန်းကလေးကတော့ ဆူးတွေနဲ့ လန်း....
ရူးစေမယ့်ပန်းကလေးတစ်ပွင့်ပေါ့နော်....
သူရဲ့ လှပတဲ့ ဖွင့်ဖတ်ကိုပဲမြင်ပြီး...

သူရဲ့ နောတ့်မှာရှိတဲ့ ထက်မျှတဲ့ ဆူးခက်တွေကို
မေ့နေတော့..စည်းမရှိတဲ့လက်ကို
အပြီးအပျက်သက်ရှက်ပြီးပေါ့ကွယ်...

                                  ★`•❤★`•❤..သံလွင်ဆည်းဆာ..★`•❤★`•❤

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

အနောက်သို့ 