RSS

Valentine's Day ရဲ့ သင်္ကေတများ

Valentine's Day ဆိုတာကိုရောက်ပြီဆိုတာနဲ့ချစ်သူစုံတွဲတိုင်းပာာတစ်ဦးနဲ့
 တစ်ဦးအပြန်အလှန်လက်ဆောင်လေးတွေပေးလေ့ရှိတက်ပါတယ်။
 ဒီလိုလက်ဆောင်ပေးတဲပနေရာမှာValentine's Day ရဲ့ သင်္ကေတလေးတစ်ခုခုကို
ထည့်ပေးလိုက်ရင်ပိုပြီးတော့ပြီးပြည့်စုံတဲ့ချစ်လက်ဆောင်တစ်ခုဖြစ်သွားမှာသေချာပါတယ်။
ဒါ့ကြောင့်Valentine's Day မှာလက်ဆောင်ပေးတော့မယ်ဆိုရင်အောက်မှာရေးပေးထားတဲ့
အရာတွေထဲကတစ်ခုခုကိုထည့်ပေးဖြစ်အောင်ပေးဖို့မမေ့ကြနဲ့နော်။


Picture
နှင်းဆီ
ဒဏ္ဍာရီတွေရဲ့အဆိုအရအနီရောင်
နှင်းဆီပန်းပာာအချစ်နတ်ဖုရားမVenusရဲ့
ကြိုက်နှစ်သက်ဆုံးပန်းလို့ဆိုပါတယ်။

ဒါ့ပြင်လက်ဆတ်တဲ့နှင်းဆီနီတွေ
ကိုလက်ဆောင်ပေးတယ်ဆိုတာပာာကိုယ်
ချစ်တဲ့သူအပေါ်မှာလေးစားရာ၊

ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို
ဖော်ပြရာရောက်သလိုပေးသူရဲ့နှလုံးသားပေါ်က
မေတ္တာတရားကိုပါသိမြင်နိုင်စေတယ်လို့ဆိုထားတာလဲတွေ့ရပါတယ်။
ဒါ့ပြင်ချစ်ခွင့်ပန်သူတွေအတွက်မိမိချစ်ရသူမငြင်းဆန်အောင်စွမ်းဆောင်ပေးနိုင်တဲ့
ပြိုင်ဘက်ကင်းလက်ဆောင်တစ်မျိုးလဲဖြစ်ပါတယ်။



Picture
အသဲပုံ
အသဲနှလုံးပုံဆိုတာကိုရှေးယခင်ကထဲကလူသားတွေရဲ့
ချစ်ခြင်းနဲ့ဆိုင်တဲ့စိတ်ခံစားမှုသိမ်းဆည်းရာ

လို့ယုံကြည်ခဲ့ကြပါတယ်။
ဒါ့ပြင်အသဲပုံစံလက်ဆောင်လေးတွေပေးတာပာာကိုယ့်ရဲ့
အချစ်တွေကိုတစ်ကိုယ်ကောင်းဆန်မှုမရှိဘဲနဲ့

ပေးခြင်းဖြစ်တယ်လို့လဲ
ဆိုကြပြန်ပါသေးတယ်။ရောမလူမျိုးတွေကတော့
နှလုံးသားဆိုတာသွေးလည်ပတ်မှုတစ်ခုလုံးအတွက်
သွေးတွေကိုစုပ်တင်ပေးရာနေရာဖြစ်လို့လူတစ်ကိုယ်လုံးမှာရှိတဲ့ခံစားချက်တွေရဲ့
စုစည်းရာနေရာလို့သတ်မှတ်ထားကြပါတယ်။ဒါ့ကြောင့်အသဲပုံလက်ဆောင်ပေးခြင်းပာာ

ကိုယ်ရဲ့ခံစားချက်တွေကိုချစ်ရသူကိုဘယ်လောက်ချစ်ကြောင်းသက်သေပြရာ
ရောက်တယ်လို့လဲပြောလို့ရပါတယ်။

Picture
မှားနတ်မောင်
Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ
ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့
ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး
တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။
ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့
သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့
Apphrodite ရဲ့ သားတော်Erosလို့ဆိုထားပါတယ်။
ရှေးဂရိလူမျိုးတွေကတော့လူတွေရဲ့ချစ်တက်ခြင်းတွေကိုမြှားပစ်ပြီးတော့ယူဆောင်ပေးတက်သူလို့
ယုံကြည်ကြပါတယ်။ဒါ့ကြောင့်cupidရုပ်လက်ဆောင်လေးပေးခြင်းဖြင့်လည်း
သင့်ချစ်သူအတွက်ချစ်တက်ခြင်းတွေကိုပိုတိုးအောင်လုပ်ဆောင်လိုက်ပါ။

Picture ဖဲကြိုးနဲ့ဇာပန်း
ဖဲကြိုးနဲ့ဇာပန်းလေးတွေပာာလဲအချစ်ကိုရစ်ပတ်
ဆက်နွယ်တယ်ဆိုတဲ့သင်္ကေတလေးတွေပါပဲ။
ရောမခေတ်တွေတုန်းကတိုက်ပွဲဝင်မဲ့သူရဲကောင်းတွေပာာ
တိုက်ပွဲဝင်ချိန်မှာသူ့ချစ်သူပေးလိုက်တဲ့ဖဲကြိုး၊

ဖဲပြားစလေးတွေကိုလည်ပင်းမှာစီးပြီး
တိုက်ပွဲဝင်ကြပါတယ်။ဒါ့ပြင်အဲဒီခေတ်ကအမျိုးသမီးတွေပာာ
လဲအမျိုးသားတွေအပေါ်မှာသူတို့ချစ်ကြောင်းကိုပြချင်တဲ့အခါမှာ
အမျိုးသားများသွားတဲ့လမ်းတွေပေါ်မှာဇာနဲ့လုပ်ထားတဲ့

ပ၀ါစတွေကိုချထားတက်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့်သင့်ချစ်သူကိုပေးမဲ့လက်ဆောင်ပေါ်မှာဖဲပြားလေးတွေစည်းပြီးပေးခြင်းပာာလဲ
သင့်ချစ်သူကိုသင့်ရဲ့အချစ်တွေနဲ့ရစ်ပတ်ချည်နှောင်လိုက်ခြင်းပဲဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

အနောက်သို့ 