RSS

ဂျီတော့ခ်ပုံပြင်


သန်းခေါင်ယံ ည(၁၂)နာရီတွင်


အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက်
အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း? ထိုင်နေမိသည်။ ကွန်ပျ?ူတာ screen ပေါ်မှ ဖြာကျလာသော
ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတ?စ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen
name မှာ (mr.velentine )ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့
တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေ?တတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။


"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ
ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု
ကျွန်မတွေးမိသည်။


"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"

သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"

"ဟား....သရဲဖြစ်ရတာပျော်လား"

"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"

"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"


ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင်
တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို
အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက်
သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ
ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား
ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည်
ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။


"ကျွန်မ အခုဘာလုပ်နေလဲ"

တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...

"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"

"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"

"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"

တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင်
တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင်
ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့်
အချိန်ဖြစ်သည်။


ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room
ထဲမှ "မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ
ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်?း၊
အင်တာနက်ကို ပထမဦးဆ?ုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက်
စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ "မေ"၏ဖော်ရွေသော
အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော "မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ "မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း "မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။


"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"

"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"

"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"

"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"

"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"

"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"

"ကောင်းပြီလေ"


"မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ "မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူအားမရတော့။ "မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး "မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ "မေ"
ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ "မေ"က
တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း
အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် "မေ"၏ဆက်ဆံမှုများက
အေးစက်လာခဲ့သည်။ "မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့်
သူ့အပေါ်တွင် "မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။


ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်"မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ
သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး
သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ်
အလုပ်တစ်ခု ဖြစ်လာခဲ့သည်။


"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"

"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"

"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယံ?ုသေးဘူးလား"


ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့်
အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက
ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို
ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။


"ခင်ဗျားက ထူးခြားတယ်"

"ဘာဖြစ်လို့လဲ"

"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"

"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"

သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင်
နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး (mr.velentine )
online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။


အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။
ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။
ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။
ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ
၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ
တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး..
ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။


"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...

စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော
mr.velentine .... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က
စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။


"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"

ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။

"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။

"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"

"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"

"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်?ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့
ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့
ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား
ဖျားနေပြီ"


ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ
ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး
ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။
ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း
ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။
ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏
တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။
သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ
တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး
အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင်
ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် က?ျန်မ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။


မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး
လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု
ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ
ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက
သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။


"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"

ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို
နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ
ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက်
စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...


သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် "မေ"
ဆက်ဆံရေးကျဲလာခဲ့သည?် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို
ရုပ်ရည်ချောမောသည့် လူကို "မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ..
ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ...
"အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့်
ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။


ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့်
ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး
တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။
ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း
သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို
ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။


ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...


"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"

သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။


"နည်းနည်းတော့ ကြောက်မိပါတယ်"

ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု
ကျွန်မ မျှော်လင့်ချင်သေးသည်။


"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"

"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"

"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"

"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။

"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"


"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို
သူအမျိုးမျိုး လှည့်စားခဲ့တယ်"


"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"


"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။
သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း
ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့
တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"


ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။


"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"


"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။


"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"

မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ
ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။


"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"


စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။


"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"

ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"


"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"


တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား..
ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့
တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။


"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"


ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။

"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"


"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့်
မနေတော့ပါဘူး"


"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"


"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"


ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။

လေးထောင့်အခန်း......... ခန္ဓာကိုယ်....


"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"


သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင်
လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။


"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"


"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"


သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ
ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ
လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့
စီးကျလာသည်။


"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"


ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို
နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့်
သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။


"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"


"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"

"ဟုတ်တယ်"


"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"

"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။


"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"


ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။


"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့
ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ
ကြားချင်သေးတယ်"


မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။


"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"


"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"


ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ
ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။


"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။
ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"


နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏
စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန်
ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင်
ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို
နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင်
၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏
message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း
ဆန်နေလိမ့်မည်။


-----------------------------




ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ
မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။
လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။
ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး
တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။
ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို
တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို
ရပ်လိုက်သည်။


"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"


ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့်
မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ mr.velentine ပြောတတ်သော စကားနှင့်
တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။


သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ
အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။


"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"


ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။


"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"

"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"


သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။


"ကျွန်တော့်နာမည် ညီမင်းညို ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ ပန်းသဇင်နွယ် ပါ"


ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။

"သဇင် ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"

ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။


နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

(အားလုံးကိုကျေးဇူးတင်ပါသည် )
 (ကိုးကား) အကို ညီမင်းညို ရဲ့ ဘလော့ပိုဒ့်လေးကို ပြန်လည်မျှဝေပေးလိုက်တာပါ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments3

အသွင်တစ်မျိုးနဲ့ ကျူမဲ့ ဘောလုံးရည်းစားစာ


အခုဆိုရင် ကမ္ဘာကြီးကအရာပြောင်းလဲကုန်ပြီ.... ယောင်္ကျားလေးလဲ ဘောနဲ့ မိန်းကလေးလဲ ဘောနဲ့ (ဘောလုံးပြောပါတယ်) အရမ်းစိတ်ဝင်စားနေပြီ.... အဲတော့ ချစ်သူကိုဘယ်လိုချစ်စကားပြောမလဲ အနုအရွတွေက ရိုးတယ်... တစ်ချို့စာသားတွေက လူရွင်တော်တွေပျက်တယ် (၀န်ခံတာပါ) တစ်ချို့စကားလုံးတွေကတော့ ကိုယ့်ဟာကိုတွေးတာများပါတယ်.... အဲတော့ အချစ်ကိုဘောလုံးလို့ သဘောထားပြီး ချစ်သူနဲ့ ကမ္ဘာအနှံ့ခြေဆန့်ရအောင်... ချစ်သူတွေအဆင်ပြေပါစေ.... ကဲ..... စပြီနော်.... (ချစ်သူများနေ့အမှီကြိုးစားထားနော် ) ရဲဘော်တို့



အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်.... အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ မင်းအနည်းနဲ့အများတော့ နားလည်လိမ့်မယ်လို့ထင်ပါတယ်....... ....မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။ မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ... တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား.... မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့ တို့ရင်ထဲမှာ ဖူလ်ဟမ်လို လိုအပူကန်နေပါတယ်ချစ်သူရယ်.... မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်..... အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်.... တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး.... ယူဂိုဆလပ်လို အူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့ စကားပြောနေတာကိုမြင်လိုက်ရတဲ့တို့မှာ လီဗာပူးလို အတည်ငါရူးနေပြီဆို တာ မင်းတွေးမိသေးရဲ့လား မင်းရဲ့အကြည့်တစ်ချက်က တို့ရဲ့ရင်ထဲကို ဘိုင်ယန်မြူးနစ်လို အမှန်တစ်ကယ်စူးနစ်နေပြီ။ မင်းရဲ့အနားလာ ကပ်ပြီး ဂျပန်လို မဟန်တော့မှ နောက်ဆုတ်သွားတဲ့လူမျိုးတွေထဲမှာ တို့မပါဘူးဆိုတာ မင်းသိစေချင်တယ်ကွာ.... မင်းတို့ကို ဆက်ဆံပုံက ပါးမားလို တစ်အားများပြီးမှားရင်တော့ တို့က အေစီလို သေပြီပေါ့ကွာ.... မင်းကို ဆမ်ဒိုးရီးယားလို မြတ်နိုးမိရသူပါ စတုဂတ်လို ဘုပြောတတ်တဲ့ မင်းကိုချစ်တယ်။ ဒါကို ဟန်နိုဗာလို အပိုပါလို့ မပြောနဲ့နော်.... မင်းကို ပို့စ်မောက်လို အမျိုးတစ်ယောက်လို ကြင်နာမှုမျိုးတွေနဲ့ ထားချင်တယ်.... လက်ဆောင်ပေးတိုင်း အနားမှာတွေ့တာနဲ့ ၀ုပ်ဖ်ဘတ်လို ထုတတ်တဲ့ အပြုအမူတွေ နောက်တစ်ခါမလုပ်နဲ့တော့နော်. တို့ကို အင်တာလို အစဉ်သာကြင်နာပေါ့.... ပြီးတော့ ဗီလာလို ကြည်ကြည်သာသာလေးနေနော်... ရိုးမားလို တစ်မျိုးစကားပြောရရင် ရေးစင်းလို ပြေးမနင်းနဲ့ (ဆိုက်ကားပြောပါတယ်) မင်းကို ဟမ်းဘတ်လို အရမ်းဖက်ချင်တယ်သိလား..... အခုပြောနေတာတွေက ဂီဂျွန်လို အပီတွန်နေတယ်လို့ ထင်နေတယ်မဟုတ်လား..... ဟွန်းနော်.. ပြီးတော့မှ မာဆေးလ်လို အထာမပေးနဲ့ ဂျာမနီလို အသာတစ်ကြည် မလာတော့ဘူးမှတ်.... အခုပြောနေတာတွေကို နယူးကာဆယ်လို ရူးပါတယ်လို့ဝေဖန်ရင်လဲ ကျေနပ်ပါတယ်..... ရင်ထဲက ခံစားချက်တွေကို နာပိုလီလို စာတွေစီနေတဲ့အတွက် တိုဂိုလို အပိုတစ်လုံးမှမပါဘူးဆိုတာ ယုံစေချင်တယ်.... အီကွေဒေါလို တစ်ကယ်အတည်ထပ်ပြောမယ် ယူကရိန်းလို တစ်ကယ်မစိမ်းပါနဲ့ လိုင်လီလို ဆိုင်သည်လို့ပဲပြောထားပါရစေနော်.... မင်းနဲ့ ဖရီးကစ်လို တစ်သီးတစ်ခြားမဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်သိလား..... တို့ရဲ့ရင်ခွင်ထဲကိုမင်းက ချဲလ်ဆီးလို အပြတ်ကြီးနဲ့ အာဆင်နယ်လို လာချင်တယ်ဆိုရင် မန်စီတီးလို အနမ်းကြီးပေးပြီးကြိုမယ်နော်... ဒီစာလေးကို ဘာစီလို မင်းက အသာတစ်ကြည်နဲ့ ယူမယ်ဆိုရင်တော့ ကိုလုံးလို အပျော်ဆုံးဖြစ်နေမဲ့လူလို့ပြောရင်း ဂီတာဖေးလို အပီစာပေးလိုက်ပါတယ်ကွာ........

(ကိုးကား)အကို..ညီမင်းညို ရဲ့  ဘလော့ပိုဒ့်လေးကို ပြန်ပြီးမျှဝေပေးလိုက်တာပါ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရုန်းကန်လုပ်ရှားမှ ခွန်အားတိုးမည်

ဘ၀အခက်ခဲပေါင်းများစွာကို ရင်ဆိုင်ကျာ်လွှားကာ အေင်မြင်ထင်ရှားလာခဲ့သူတွေ လေားကနယ်ပယ်စုံမှာ အများအပြားရှိကြ
သည်..။
     
 နမူနာ တခုပြပါမည်။























ဟောင်ကောင်ကျွန်းက စတင်ထွက်ပေါ်ကာ ယနေ့ ကမ္ဘာတွင်ထင်ရှားနေသည့် ရုပ်ရှင် သရုပပ်ဆောင် ဂျက်ကီချန် သည်ကနေ့ 
အကြီးအကျယ် ကြွယ်ဝနေသည့် ဂျက်ကီချန်း သူမွေးဖွားလာသည့် အချိန်ကသူ့ မိဘတွေ ဆင်းရဲးလွန်းသဖြင့် သားလေးကို သူ
များကိုပေးမွေးစားဖို့ ကြံစည်ခဲ့ကြညသည်။







အသက်7 နှစ်သားအရွယ် လူမမယ်ဘ၀မှာတင်းကျပ် ပြင်းထန်လွန်းသည်ဟု နာမည်
ကြီးသည့် တရုတ် အော်ပရာကျောင်းသို့ ရောက်ရှိပြီး အဲ့ကျောင်းမှာ (၁၀) နှစ်ကြာအောင် နေ့စဉ်နံနက် (၅နာရီ) မှ ညသန်ခေါင်ယံ
အထိအဆိုအကနဲ့  ကိုယ်ခံပညာရပ်များကိုပင်ပန်းကြီးစွာသင်ယူရသည်။



         လုပ်ရသည့် လေ့ကျင့်ခန်းတွေက ကြမ်းတမ်းပြင်းထန်းရုံမက ခိုင်းတိုင်းမလုက်နိုင်လျှင် ရိုက်နှက်ခြင်း ထမင်းမကျွေးပဲ
ထားပြီး အဲ့လို အပြစ်ဒဏ်များပါ ခံရသေးသည်။ သို့ သော် အဲ့သည် ကြမ်းတမးပြင်းထန်သေား သင်တန်းကြောင့် သူက
 သရုပ်ဆောင် အတက်ရေား ကိုယ်ခံပညာပါ တက်ကျွမ်းသူ တစ်ယောက် ဖြစ်လာခဲ့သည်။


 အစပိုင်းတွင် ဟောင်ကောင် ရုပ်ရှင် လေားကမှ ထုတ်လုပ်သည့် အသတ်အပုတ်ကားများတွင် တချို့ အစိတ်အပိုင်းများမှာ
မင်းသားကိုယ်စား သရုပ်ဆောင်ပေးရသည့် စတန့် သမားဖြစ်လာသည်။ သို့ သော် စတန့် သမား အဆင့်တွက်ရပ်မနေ။ စတန့် ပြ
ကွက်များ ညှိနိုင်းစီစဉ်၇ိုက်ကူးပေးသူ အဆင့်သို့ တက်လာသည်။ ထိုနောက်တွင်မူ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့သည်။


အဲ့သည်ကာကာလအတွင်း သူတို့ ရှေ့ က အကြီးအကျယ် ကျော်ကြာခဲ့သည့် သရုပ်ဆောင်မင်းသား ဘရုပ်လီ ကွယ်လွန်သွားရာ
ရုပ်ရှင်ထုတ်လုပလ်သူများက လစ်ဟာသွားသေား ဘရုပ်လီ ဈေးကွက်တွင် အစားထိုးနိုင်မည့် သူကို ရှာကြမွေကြသည်။ သည်
အတွက် ရွေးချယ်ခံရသူက ဂျက်ကီချန်း ဖြစ်သည်။





သို့ သော် လုံးဝမအောင်မြင် ဘရုပ်လီက ဘရုပ်လိပဲ ချက်ကီချန်းက ဂျက်ကီချန်းပဲ သီးခြားဖြစ်နေခဲ့တယ်။ မလွယ်ဘူးဗျား မလွယ်
ဘူး အဲ့ဒါကြောင့် ဘရုပ်လီဖြစ်အောင် ကြိုးစားနေတော့ဘဲ ကိုယ့်ပုံစံနဲ့  ကိုယ်ဖြစ်အောင် လုပ်မယ်လို့ ပဲ ဆုံးဖြတ်လိုက်တယ်လို့ 
ချက်ကီချန်းကဆိုတယ်။







ဒုတိယဘရုပ်လီဖြစ်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့သေား ဂျက်ကီချန်းသည် သူ့ စရိုက် သူ့ စွမ်းည်များနှင့် တစ်ဘာသာ အားထုတ်
သည့်အခါ့ ဘရုပ်လီထက်မက အအောင်မြင် ကျော်ကြားလာခဲ့သည်။

ယနေ့ တိုလျှင် ဂျက်ကီချန်းသည် ယောင်ကောင် ရုပ်ရှင်လေားတွင် ပြိုင်ဘက်ကင်းသေား သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်
ရုံမက အမေရီကန် ဟေားလိဝုဒ် ရုပ်ရှင်လေားကပါ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးရိုက်ကူးနေရသည့် ကမ္ဘာသိ ရုပ်ရှင် သရုပ်
ဆောင် ရုပ်ရှင်သူကြွယ်တစ်ဦးဖြစ်နေခဲ့ပြီး........။


(ကိုးကား) စာရေးဆရာ(ဖေမြင့်) စာအုပ်ထဲမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ရှင်..








  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

Valentine's Day ရဲ့ သင်္ကေတများ

Valentine's Day ဆိုတာကိုရောက်ပြီဆိုတာနဲ့ချစ်သူစုံတွဲတိုင်းပာာတစ်ဦးနဲ့
 တစ်ဦးအပြန်အလှန်လက်ဆောင်လေးတွေပေးလေ့ရှိတက်ပါတယ်။
 ဒီလိုလက်ဆောင်ပေးတဲပနေရာမှာValentine's Day ရဲ့ သင်္ကေတလေးတစ်ခုခုကို
ထည့်ပေးလိုက်ရင်ပိုပြီးတော့ပြီးပြည့်စုံတဲ့ချစ်လက်ဆောင်တစ်ခုဖြစ်သွားမှာသေချာပါတယ်။
ဒါ့ကြောင့်Valentine's Day မှာလက်ဆောင်ပေးတော့မယ်ဆိုရင်အောက်မှာရေးပေးထားတဲ့
အရာတွေထဲကတစ်ခုခုကိုထည့်ပေးဖြစ်အောင်ပေးဖို့မမေ့ကြနဲ့နော်။


Picture
နှင်းဆီ
ဒဏ္ဍာရီတွေရဲ့အဆိုအရအနီရောင်
နှင်းဆီပန်းပာာအချစ်နတ်ဖုရားမVenusရဲ့
ကြိုက်နှစ်သက်ဆုံးပန်းလို့ဆိုပါတယ်။

ဒါ့ပြင်လက်ဆတ်တဲ့နှင်းဆီနီတွေ
ကိုလက်ဆောင်ပေးတယ်ဆိုတာပာာကိုယ်
ချစ်တဲ့သူအပေါ်မှာလေးစားရာ၊

ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို
ဖော်ပြရာရောက်သလိုပေးသူရဲ့နှလုံးသားပေါ်က
မေတ္တာတရားကိုပါသိမြင်နိုင်စေတယ်လို့ဆိုထားတာလဲတွေ့ရပါတယ်။
ဒါ့ပြင်ချစ်ခွင့်ပန်သူတွေအတွက်မိမိချစ်ရသူမငြင်းဆန်အောင်စွမ်းဆောင်ပေးနိုင်တဲ့
ပြိုင်ဘက်ကင်းလက်ဆောင်တစ်မျိုးလဲဖြစ်ပါတယ်။



Picture
အသဲပုံ
အသဲနှလုံးပုံဆိုတာကိုရှေးယခင်ကထဲကလူသားတွေရဲ့
ချစ်ခြင်းနဲ့ဆိုင်တဲ့စိတ်ခံစားမှုသိမ်းဆည်းရာ

လို့ယုံကြည်ခဲ့ကြပါတယ်။
ဒါ့ပြင်အသဲပုံစံလက်ဆောင်လေးတွေပေးတာပာာကိုယ့်ရဲ့
အချစ်တွေကိုတစ်ကိုယ်ကောင်းဆန်မှုမရှိဘဲနဲ့

ပေးခြင်းဖြစ်တယ်လို့လဲ
ဆိုကြပြန်ပါသေးတယ်။ရောမလူမျိုးတွေကတော့
နှလုံးသားဆိုတာသွေးလည်ပတ်မှုတစ်ခုလုံးအတွက်
သွေးတွေကိုစုပ်တင်ပေးရာနေရာဖြစ်လို့လူတစ်ကိုယ်လုံးမှာရှိတဲ့ခံစားချက်တွေရဲ့
စုစည်းရာနေရာလို့သတ်မှတ်ထားကြပါတယ်။ဒါ့ကြောင့်အသဲပုံလက်ဆောင်ပေးခြင်းပာာ

ကိုယ်ရဲ့ခံစားချက်တွေကိုချစ်ရသူကိုဘယ်လောက်ချစ်ကြောင်းသက်သေပြရာ
ရောက်တယ်လို့လဲပြောလို့ရပါတယ်။

Picture
မှားနတ်မောင်
Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ
ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့
ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး
တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။
ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့
သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့
Apphrodite ရဲ့ သားတော်Erosလို့ဆိုထားပါတယ်။
ရှေးဂရိလူမျိုးတွေကတော့လူတွေရဲ့ချစ်တက်ခြင်းတွေကိုမြှားပစ်ပြီးတော့ယူဆောင်ပေးတက်သူလို့
ယုံကြည်ကြပါတယ်။ဒါ့ကြောင့်cupidရုပ်လက်ဆောင်လေးပေးခြင်းဖြင့်လည်း
သင့်ချစ်သူအတွက်ချစ်တက်ခြင်းတွေကိုပိုတိုးအောင်လုပ်ဆောင်လိုက်ပါ။

Picture ဖဲကြိုးနဲ့ဇာပန်း
ဖဲကြိုးနဲ့ဇာပန်းလေးတွေပာာလဲအချစ်ကိုရစ်ပတ်
ဆက်နွယ်တယ်ဆိုတဲ့သင်္ကေတလေးတွေပါပဲ။
ရောမခေတ်တွေတုန်းကတိုက်ပွဲဝင်မဲ့သူရဲကောင်းတွေပာာ
တိုက်ပွဲဝင်ချိန်မှာသူ့ချစ်သူပေးလိုက်တဲ့ဖဲကြိုး၊

ဖဲပြားစလေးတွေကိုလည်ပင်းမှာစီးပြီး
တိုက်ပွဲဝင်ကြပါတယ်။ဒါ့ပြင်အဲဒီခေတ်ကအမျိုးသမီးတွေပာာ
လဲအမျိုးသားတွေအပေါ်မှာသူတို့ချစ်ကြောင်းကိုပြချင်တဲ့အခါမှာ
အမျိုးသားများသွားတဲ့လမ်းတွေပေါ်မှာဇာနဲ့လုပ်ထားတဲ့

ပ၀ါစတွေကိုချထားတက်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့်သင့်ချစ်သူကိုပေးမဲ့လက်ဆောင်ပေါ်မှာဖဲပြားလေးတွေစည်းပြီးပေးခြင်းပာာလဲ
သင့်ချစ်သူကိုသင့်ရဲ့အချစ်တွေနဲ့ရစ်ပတ်ချည်နှောင်လိုက်ခြင်းပဲဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

သုံးဘူတာ ကျော်လာပီနော်....

မြို့ပတ်ရထားပေါ်တွင်ဖြစ်သည်။ အသက် ၂၀ ကျော်အရွယ်ခန့်ရှိကလေးအမေက သားဖြစ်သူအားနို့တိုက်နေသည်။

ကလေးက နို့မစို့။

အမေလုပ်သူက သားသားနို့ဆို့ရင်ဆို့နော်၊ မဆို့ရင် မေမေ ဘေးက ဦးဦးကို စို့ခိုင်းလိုက်မယ်၊

ကလေးက မစို့ ဘူတာများသာဖြတ်လာသည်။

မအေက ကြိမ်ဖန်များစွာပြောသည်။

ကလေးကနို့မစို့ နောက်တစ်ကြိမ်မိခင်က သားဒီတခါမစို့ရင် မေမေဘေးက ဦးဦးကို စို့ခိုင်းလိုက်တော့မှာနော် ဟုပြောရာ

ဘေးမှ ဦးဦးက

ခင်ဗျားပြတ်ပြတ်သားသားပြောတော့၊ ကျုပ် ဆင်းရမဲ့ဘူတာ သုံးဘူတာကျော်လာပြီ ဗျ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ဖရဲသီး၏ ဆေးဖက်ဝင်ပုံ နှင့် အသုံးဝင်ပုံအမျိုးမျိုး

ဖရဲသီး၏ ဆေးဖက်ဝင်ပုံ နှင့် အသုံးဝင်ပုံအမျိုးမျိုး [Image: watermelon-clean15-lg.jpg]


ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ်ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ
နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို
စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ်
ဖော်ပြလိုက်ရပါတယ်။


ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး
ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅၀ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ
တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ
အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန်
ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း
သိရှိရပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်

မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင်
စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။
မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊
ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင်
ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ
သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ
ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ်
ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း
သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ်

ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊
ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။
ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ
ကျစေပါတယ်။

သွေးတိုးအတွက်
သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့
တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို
မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့
နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင်
သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း
ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ
ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ
စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက်
ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့
ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊
နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။
သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ
ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner
ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက်
ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး
မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး
ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။
လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။
စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို
တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး
အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်

ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ
နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့
ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။
မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး
ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ်
အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

နွေဦးအစားအစာ
ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို
စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ
အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

တစိမ့်စိမ့်တွေးပြီး ပြုံးဖို့ပါ။

အရင်ထုတ်လိုက်ရမှာ
အမျိုးသမီးတစ်ယောက်သည် ဆရာဝန်ထံသို အော်ဟစ်ရောက်လာပြိး ..ဆရာဆရာ ကူပါအုံး ကျွန်မယောင်္ကျား

ကြွက်တစ်ကောင်မြိုချမိလို့.....သူဆီပြန်သွားလိုက်ပါ၊သူပါးစပ်ရှေ့မှာ ဒိန်ခဲတစ်တုံးဝေ့ယန်းပြလိုက် ကျွန်တော်လိုက်လာခဲ့မယ်...

ဟုဆရာဝန်ကပြောလိုက်သည်။
ငါးမိနစ်လောက်ကြာမှဆရာဝန်ရောက်လာသည်။လူတစ်ယောက်သည်စက်တီပေါ်တွင်လှဲနေသည်။အမျိုးသမီးက 

ထိုလူ၏ပါးစပ်နားတွင်
ငါးသလောက်ခြောက်တစ်ကောင်ကိုဝေ့ယန်းနေလေသည်။

ခင်ဗျားရူးနေလား ခင်ဗျားကိုကျုပ်ဒိန်ခဲပြပါဆိုနေ...ကျွန်မသိပါတယ်ဆရာရယ်ဒါပေမယ့် ကျွန်မကြောင်ကိုအရင်ထုပ်ရမှာဖြစ်လို့ပါ..

ဘာထင်လို့လဲ
ဘာလင်မြို့ပေါ်တွင်အမေရိကန်ဗုံးကျဲလေယာဉ်များ ပျံဝဲနေကြသည်။ အမျိုးသမီးမှ 

မြန်မြန်လုပ်လေ သွားခိုရအောင် ဘာလုပ်နေတာလဲ

ဟုအော်ပြောလိုက်သည်။ ငါ့သွားတုမတွေ့လို့ ကွဟု အမျိုးသားပြန်အော်လိုက်လေသည်။ 

သူတို့တွေဘာကျဲမယ်လို့ရှင်ထင်နေလို့လဲ.

အသားညှပ်ပေါင်မုန့်ကျဲမယ်လို့ရှင်ထင်နေလို့လား ဟုအသံစူုးစူးဖြင့်ပြန်အောက်လိုက်လေသသည်။

ထိမ်းမြားခြင်းကား
ထိမ်းမြားလက်ထပ်ခြင်းသည် ဖဲချပ်တစ်ထုပ်နှင့်တူသည်။ခင်ဗျားလိုက်ပိုးပန်းနေစဉ်မှာတော့ Heart 

ဖဲချပ်ပေါ့။ ခင်ဗျားစေ့စပ်တဲ့အခါမှာတော့ အဲဒါ Diamond ပဲ။ 

မင်္ဂလာဆောင်ပြိးသွားတဲ့အခါကျရင်တော့ Clubs တွေဖြစ်သွားရော။ အဆုံးမှာတော့ အာလုံး Spades တွေဖြစ်ကုန်တော့တာပဲ။

ဘယ်နေရာလဲ
ဂျိုအန်း...။ ယောက်ကျားတွေ လက်ပတ်နာရီကလွဲပြီး တခြားဘာမှမဝတ်တဲ့နေရာကိုသိတယ်..

ဖါးဂေါ့....။ဘယ်နေရာလဲ ဘယ်နေရာလဲ

ဂျိုအန်း....။လက်ကောက်ဝတ်မှာလေ...

မေးပါရစေ
အလုပ်သမား..။ကျွန်တော်ဇနီးကလူကြီးမင်းဆီကနေ ကျွန်တော်ကို လခတိုးတောင်းခိုင်းပါတယ်..

အလုပ်ရှင်.......။ရပါတယ်။ကျုပ်လည်း ခင်ဗျားကိုလခတိုးပေးရမလားဆိုပြီး ကျုပ်မိန်းမကိုမေးကြည့်ထားမယ်လေ..

ဘာလုပ်ရမှာတုန်း
အမျိုးသမီး.တစ်ယောက်သည် သူတောင်းစားအား...ရှင်မရှက်ဘူးလား 

လမ်းမှာတောင်းစားနေရတယ်လို့..ဟုပြောလိုက်၏။

သူတောင်းစား. က ဒီတော့ကျွန်တော်ဘာလုပ်ရမှာတုန်း ရုံးခန်းဖွင့်ရမှာလားလို့ ပြန်ပြောလိုက်တော့သည်။

တော်မှမတော်တာ
အလွန်နာမကျန်းဖြစ်နေသောအမျိုးသမီးသည် 

ခင်ဗွန်းသည်အားပြောလေသည်။ကျွန်မသေမယ်ဆိုရင် ရှင်နောက်အိမ်ထောင်ပြုပါ၊ ဒါပေမယ့် 

ကျွန်မအဝတ်အစားတွေကိုတော့ နောက်မိန်းမကို ပေးမဝတ်ပါဘူးလို့ 

ကတိပေးပါဟူပြောလေသည်။ ယောက်ျားက စိတ်ချပါ ငါပေးမဝတ်ပါဘူး၊ ပြိးတော့ 

အဲဒါတွေကလည်းသူနဲ့မတော်ပါဘူးကွာဟု ပြန်ပြောလိုက်လေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

ရယ်ရွှင်ဖွယ် ဟာသ

ဖုံးသံမြည်လာတယ်
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."

"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"


"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"


"ဟုတ်..."

"ခေါ်ပေးကွာအရေးကြီးလို့"

"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"


"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
 

"အင်းလေ..ဟုတ်ဘူးလား"
 
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
 

ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
 
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
 

တောက်...သေမယ့်သာမှတ်...
 

ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း 

အခန်းထဲဝင်ပြီး..ကောင်မကိုကောအကောင်ကိုကော..သတ်ပစ်စမ်းကွာ..“
 

အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
 

"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
 

၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း 

အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
 

 ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
 

"ဟို... ဟိုလေ......."....................
 

"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား".........
 

"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
 

ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်
 

"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
 

"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခ
ဲ့
 
ပြီးရင်ပြော..“
 

အနည်းငယ်ကြာပြီးနောက်....“
 

"ပြီးပြီ...ဆက်ပြော...“
 

"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"

"ရှင်...ဘာကြီး.........."

 

"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
 

"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
 

"ဘာ...ဟုတ်လို့လား"
 

"ဟုတ်....ဟုတ်..."
 

"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
 

"524895***** လေ....""ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ....
 

.ဟို..ဟိုလေ...
....Sorry နော်
phone မှားသွားလို့.....
ဒါပဲနော်"

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Read User's Comments0

အနောက်သို့ 