မဟာဖေဖေ”
ဖေဖေသည် တံတိုင်းကြီး တစ်ခုနှင့်တူသည်။
ကျွန်မတို့ ရဲ့ ဘ၀တွေ လုံခြုံမူတွေရရှိအောင်
ရှေ့ ကနေ မားမားကြီး ရပ်တည်ပေးနေခဲ့သည်....။
ဖေဖေသည် မိရထား ခေါင်းတွဲးလေးနှင့်တူသည်။
ကျွန်မတို့  သွားရမယ့် အနာဂတ် ခရီးလမ်းကို
ရှေ့ ကနေ ဦးဆောင်ပြီး ခေါ်ဆောင်သွားခဲ့သည်....။
ဖေဖေသည် ဥယာဉ်မူးကောင်း တစ်ယောက်နှင့်တူသည်။
ကျွန်မတို့ ရဲ့ ဘ၀လေးတွေ လှပ ဖွံဖြိုးလာအောင်
မေတ္တာ၊စေတနာ၊ဂရုဏာတွေနဲ့  ပြုစုပြိုးထောင်ပေးခဲ့သည်....။
ဖေဖေသည် ဖန်ဆင်းရှင် တစ်ယောက်နှင့်တူသည်။
ကျွန်မတို့ ရဲ့ လိုအင်ဆန္ဒတွေကို အခက်ခဲးတွေကြားထဲးက
ဖြည့်ဆည်း ပေးနိုင်ခဲ့သည်....။
သံလွင်ဆည်းဆာ